Chapter 52- Night Talk

1.1K 282 24
                                    

Unicode

နာရီလက်တံက တစ်ပတ်ပြည့်ရန်ပင် နှေးကွေးလေးလံစွာ လည်ပတ်နေရသည်။ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကြီးမှာ မည်းမည်းမှောင်လျက်ရှိ၏။

ချီချင်း အိပ်ရာပေါ်လှဲကာ မျက်လုံးများ မှိတ်ထားသည်။ အိပ်‌ပျော်လုဆဲဆဲတွင်မှ စောစောက အမွေခွဲသော ပြဿနာ ပေါ်လာပြန်သည်။

အက်ကွဲနေသော မိန်းမတစ်ယောက်၏အသံက သူမဘေးတွင် အိပ်မောကျနေသော ယောက်ျားဖြစ်သူကို အံကြိတ်ရင်း ပြောနေပုံရသည်။
~~~ သူကတော့ အိပ်ပျော်နိုင်သေးတယ်.. အေးလေ သွားပြုစုရတာ သူမှမဟုတ်တာ... ငါ့မှာတော့ နေ့ရောညရော ချေးအလူးလူး သေးအလူးလူးကို ပြုစုလိုက်ရတာ~~~

ချီချင်း မျက်လုံးပြန်ဖွင့်ကာ ဓားတစ်ချောင်းကိုင်၍ ထိုမိန်းမအိမ်ရှေ့သွားရန်ပြင်သည်။
.. ခင်ဗျားရော ကျွန်တော်ရော အိပ်မရမဲ့အတူတူ စကားထိုင်ပြောကြတာပေါ့.. ဟု ပြောလိုက်ချင်သည်။

အချိန်က မနက်သုံးနာရီပင် ထိုးလုနေပြီ။

ချီချင်း၏ မျက်နှာချင်းဆိုင်အခန်းတွင်နေသော ရှဲ့လင်မှာတော့ စာကြည့်ခန်းထဲတွင် ထိုင်နေသည်။ အဝါရောင်စာကြည့်မီးအိမ်တစ်ခုသာ ထွန်းထားသော စာကြည့်ခန်းက နွေးထွေးမှုကို မခံစားရ။ စားပွဲပေါ်ရှိ ကွန်ပျူတာပေါ်တွင် ပြထားသည့် ပုံတို့က အခန်းအနေအထားကို ပို၍ပင် ဆိုးရွားစေသည်။

အရင်တစ်ခေါက် အိမ်ယူလာသော ဓာတ်ပုံများကို ဖိုင်ထဲ ထည့်ကူးထားခြင်းဖြစ်ပြီး ရန်ချင်း အကြောက်လွန်သွား‌ခဲ့သော ပုံများလဲ ဖြစ်၏။

သာမန်ကာလျှံကာမျှ မြင်ရရုံလောက်နှင့် ကြောက်လန့်စေနိုင်သည့် အဆိုပါပုံများကို ရှဲ့လင်က အသေးစိတ် အကျယ်ချဲ့၍ တစ်ပုံချင်း သေချာလိုက်ကြည့်နေသည်။

ဖုန်းစပီကာထဲမှ ဝူကျီပင်း၏ အသံထွက်လာသည်။
" အဲ့ဒီ့အလောင်းထည့်ထားတဲ့အိတ်ကို ဈေးအနောက်က အမှိုက်ပုံးထဲ ပစ်ထားခဲ့တာ.. အိမ်ခြေရာမဲ့လူတစ်ယောက်က ဆိုင်ရှင်မလိုပဲပစ်ခဲ့တဲ့ အသားစိမ်းတွေထင်လို့ ကောက်စားတော့မလို့ပဲ.. အဲ့မှာ ပလတ်စတစ်အိတ် ပွင့်လာလို့ လက်အပြင်ထွက်လာတာ... အဲ့ဒီ့အိမ်ခြေရာမဲ့လူပဲ ရဲတိုင်ခဲ့တာ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now