Chapter 65- Photos

1.5K 281 11
                                    

Unicode

ချီချင်း ကုတ်အင်္ကျီ ထပ်ဝတ်၍ အိမ်တံခါးနားရှိ အံဆွဲထဲမှ အနက်ရောင်လက်အိတ်တစ်စုံကို သေသေချာချာ ထုတ်ဝတ်သည်။ ထို့နောက် ရှဲ့လင်ကို ဓာတ်လှေကားမှ အိမ်အောက်ထပ်ထိ တွဲ၍ လိုက်ပို့သည်။ ကားစောင့်နေတုန်း သူတို့နှစ်ယောက် နီးကပ်နေ၍ ရှဲ့လင်ကိုယ်ပေါ်မှ အနွေးဓာတ်ကို ခံစားလာရသည့်အတွက် ချီချင်းက ခပ်ခွာခွာနေကာ သတိပေးလိုက်သည်။
" ဝေးဝေးနေ"

" မင်းနဲ့ ကပ်မနေရင် လဲကျမှာပေါ့"
ရှဲ့လင်က ပြန်ဖြေသည်။
" မင်းပြောတဲ့အတိုင်း လုပ်ဖို့ အရမ်းခက်တာပဲ"

လမ်းပေါ်တွင် ကားကြပ်လာသလို နေမြင့်လာသည့်အတွက် ‌ပိုပူလာသည်။

ရှဲ့လင်က နေရောင်အောက်တွင်ရောက်နေသည့် ဗန်‌ပိုင်းယားတစ်ကောင်နှင့်တူသော ချီချင်းကို ကြည့်နေသည်။ နေရောင်အောက်တွင် ဖြူဖွေးလွန်းသောအသားအရေနှင့် နီရဲလွန်းသော နှုတ်ခမ်းတစ်စုံမှာ လိုက်ဖက်လွန်းနေ၏။

မိန်းကလေးရန်၏ အိမ်မှ ထမင်းစား၍ ပြန်လာစဉ် ချီချင်းနှုတ်ခမ်းကို လက်နှင့်ပွတ်သပ်မိသည်အား သူ သတိရမိသည်။

သို့သော် နူးညံ့လွန်းသော အဆိုပါနှုတ်ခမ်းမှ ထွက်ပေါ်လာသည့် စကားလုံးများက ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူ့ရှေ့တွင် သွားလာနေသော လမ်းသွားလမ်းလာများ သူ့ကိုတိုက်မိမည်စိုး၍ ရှောင်ရင်းက ချီချင်း ခပ်တိုးတိုးပြောလိုက်သည်။
"Wheelchairဝယ်လိုက်"

" ဘာဝယ်ရမယ်??"

" Wheelchair "
ချီချင်းက ဆက်ပြောသည်။
" နောက်တစ်ခေါက် ကျွန်တော်နဲ့လမ်းလျှောက်တဲ့အခါ wheelchair နဲ့ဆို ဟိုဘက်ကနေ သွားလို့ရတယ်.. လူပိုရှင်းတယ်"

"..."

သူတို့စကားပြောနေစဉ် ခေါ်ထားသော အငှားကားရောက်လာခဲ့သည်။

" ဖုန်းနံပါတ် ၆xxxx၉..  ခင်ဗျားတို့ ရဲစခန်းသွားကြမှာလား"
ကားဆရာက အော်ဒါကိုကြည့်ရင်း ပြန်မေးသည်။

" တောင်းပန်ပါတယ်ကားဆရာကြီး.. လိပ်စာပြောင်းချင်လို့ပါ"
ရှဲ့လင်က ကားထဲဝင်ပြီးနောက် ဆက်ပြောသည်။
" တခြားနေရာကို အရင်ပို့ပေးပါ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now