Chapter 51 - နောက်တစ်ကြိမ် ထိန်းချုပ်မရတော့ခြင်း

1.1K 270 28
                                    

Unicode

~~~ လူကြီးမင်းရှဲ့က အရမ်းချောတာပဲ.. မတွေ့တာတောင် ‌ကြာပြီ.. သူ့မှာ ရည်းစားများရှိလားမသိဘူး~~~

ရုတ်တရက် ချီချင်းနားထဲ အသံများ ပြည့်နှက်လာခဲ့သည်။ စကားပြောသံများက ဆေးခန်းတစ်ခုလုံးဆီမှ ပျံ့နှံ့လာခဲ့သည်။ ဝန်ထမ်းများ.. လူနာများ.. လူနာရှင်များ အားလုံး၏ အတွေးပေါင်းစုံက စုပြုံ၍ ချီချင်းနားထဲ တိုးဝင်လာခဲ့လေတော့သည်။

~~~ လူကြီးမင်းရှဲ့ကို ငါ ဘယ်လောက်ကြိုက်ကြိုက်... သူနဲ့ငါ့ကြားမှာ အကွာအဝေးတွေ ခြားလွန်းတယ်~~~

~~~ လူကြီးမင်းရှဲ့ကလေ ~~~

လူကြီးမင်းရှဲ့အပြင် တခြားအကြောင်းအရာများလဲ ပါသေးသည်။
~~~ မနေ့က ငါတို့ဆေးခန်းကိုလာတဲ့ နေကာမျက်မှန်နဲ့ အမျိုးသမီးကို မြင်ဖူးပါတယ်ဆိုတာ.. အခုမှ weibo ကြည့်ရင်းသိတယ်.. ယင်ဝမ်ရူနဲ့ မတူဘူးလား..  အခုနောက်ပိုင်း အနုပညာရှင်ဆိုတာလဲ တော်တော်အန္တရာယ်များတဲ့အလုပ်ပဲနော်.. ရှိုးပွဲတွေမှာဆိုရင် မျက်နှာလေးလန်းပြီး ပျော်နေတဲ့ပုံပေါ်ပေမဲ့ သူလဲ စိတ်နဲ့ ပတ်သက်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေတဲ့ပုံပဲ.. အဲ့လိုပြောမှ ငါတို့ဆေးခန်းမှာ အနုပညာရှင်တွေ အများကြီး~~~

အသံများ တဖြည်းဖြည်း များပြားလာသည်နှင့်အမျှ သူတို့ပြောနေသည့်စကားများကို ချီချင်းသေသေချာချာ မကြားနိုင်တော့။ အသံများ ပေါင်းနေသည်က ကြောက်ခမန်းလိလိပင်။

ချောကလက် စားပြီး ချီချင်းအသံတိတ်သွားသည်ကို ရှဲ့လင် သတိထားမိလိုက်သည်။ နဖူးပေါ် ဝဲကျနေသော ဆံပင်ကြားမှ မျက်ဝန်းနက်များ တဖြည်းဖြည်း မှုန်ကုပ်နေသည်ကို မြင်လိုက်ရသည်။
" ဘာဖြစ်လို့လဲ.. ချောကလက်မကြိုက်ဘူးလား"

ချီချင်း ဘာမှ ပြန်‌မဖြေသေး။

ထိုအခြေအနေမျိုးကို ရှဲ့လင် တစ်ခါမြင်ခဲ့ဖူးသည်။ ထိုအကြိမ်က ဘားတွင် သူတို့ခွက်ချင်း ရောသွားခဲ့သည့်အချိန်က ဖြစ်သည်။

ရှဲ့လင်လဲ ချီချင်းမျက်လုံးရှေ့ လက်ရမ်းပြလိုက်သည်။
" မင်း ဘာမှမပြောရင် ကိုယ် မင်းလက်ကို ကိုင်လိုက်မှာနော်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now