Chapter 69- အဆောင်လက်ဖွဲ့ဆိုင်

1K 263 41
                                    

Unicode

‌လမ်းအစွန်ရှိ အဆောင်လက်ဖွဲ့အရောင်းဆိုင်ထဲ ဝင်လာတော့ တံခါးဘောင်ပေါ် ချိတ်ဆွဲထားသည့် ခေါင်းလောင်းထံမှ အသံထွက်ပေါ်လာသည်။

"ချလွင်..."

ဆိုင်အလယ်တည့်တည့်တွင် ယဇ်ပလ္လင်တစ်လုံးရှိနေကာ ထိုပုလ္လင်ပေါ်တွင် နတ်ဘုရားတစ်ပါး၏ ကြေးနီရုပ်ထု ရှိနေ၏။ အဆိုပါ ကြေးနီနတ်ဘုရားမှာ သာမန်ထိုင်းနတ်ဘုရားရုပ်ထုများနှင့် အတော်လေးကွဲပြားသည်။ နတ်ဘုရား၏ လက်ဖဝါးတစ်ဖက်က တစ်စုံတစ်ခုကို ပင့်နေဟန် လှန်တင်ထားကာ ကျန်လက်တစ်ဖက်ကို မြှောက်၍ ထား၏။ မျက်လုံး ပါးစပ်များကိုလဲ အနုစိတ် ထွင်းထုထားကာ နက်ရှိုင်း၍ ချိုင့်ဝင်နေသော မျက်လုံးများနှင့် တွန့်သယောင် ကွေးတက်နေသည့် နှုတ်ခမ်းထောင့်များက ပြုံးနေသည်ထင်ရသော်လဲ တကယ်တော့ ပြုံးရယ်နေခြင်းမရှိ။

အဆိုပါလက်ထဲတွင် စေတီအသေးလေးနှင့်တူသော အရာတစ်ခုကို ဆွဲကိုင်ထား၏။

ဆိုင်ပိုင်ရှင်က အသားမဲမဲ ခေါင်းတုံပြောင်ပြောင်နှင့်တိုင်းတစ်ပါးသားကဲ့သို့ ဝတ်စားထားသည်။ သူ့ပုံစံက တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ဒီနိုင်ငံသားမဟုတ်မှန်း သိသာ၏။ စကားပြောသည့်အခါ လျှာသံနှင့် ပြောနေသည်။
" ယင်း တီး တိုး ခပ်... (ကြွပါခင်ဗျ) "

ရှဲ့လင်မှာ ဆိုင်တစ်ဝက်နီးပါးကို လျှောက်ကြည့်နေသည်။ ကောင်တာတွင် ချိတ်ဆွဲထားသော အဆောင်လက်ဖွဲ့များအပြင် တစ်ဆိုင်လုံးတွင် အင်းအိုင် ယန္တရား အစုံအလင် ရှိ၏။ ဆိုင်ထဲဝင်လိုက်သည်နှင့် အပြင်လောကနှင့်အဆက်အသွယ်ပြတ်သွားသလို ကမ္ဘာသစ်ထဲ ရောက်ရှိသွားတော့သည်။
" တရုတ်စကား ပြောတတ်လား‌ဗျ"

ဆိုင်ရှင်က ခေါင်းညိတ်သည်။
" ရပါတယ်"

ရှဲ့လင်က အဆောင်တစ်ခုနှင့် လက်ဖွဲ့တစ်ခုကို ကောက်ကိုင်လိုက်သည်။
" ခင်ဗျားတို့မိသားစုက ဒီလိုအဆောင်တွေ လက်ဖွဲ့တွေပဲ ရောင်းတာလားဗျ"

" ဟုတ်ပါတယ် အဆောင်လက်ဖွဲ့သီးသန့်ရောင်းတဲ့ဆိုင်ပါ"
ဆိုင်ရှင်က ထပ်ပြောသည်။
" သဘောကျတာ ရှိလားဗျ"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now