Chapter 13- ကောင်လေး

1.2K 300 31
                                    

Unicode

တစ်ခုကိုတော့ ချီချင်းသေချာပေါက် ပြော‌နိုင်သည်။

လွန်ခဲ့သော တစ်နာရီအတွင်း ရှဲ့လင်လက်ကို ထိမိရန် သူ အရူးတစ်ယောက်ကဲ့သို့ ကြိုးစားခဲ့ရ၏။

" နောက်တာပါ"
ရှဲ့လင်က ရဲစခန်းမှ ထွက်ပြေးချင်ပုံပေါ်နေသော ချီချင်းကို ကြည့်၍ လက်ပြန်ရုတ်ကာ စားပွဲပေါ်မှ မှုခင်းမှတ်တမ်းကို ညွှန်ပြလိုက်သည်။
" ကိုယ် မင်းကို ထပ်မစတော့ဘူး.. မှတ်တမ်းဖတ်ရအောင်"

တကယ်တော့ ချီချင်းက အလောင်းပစ်သည့်နေရာမှ အချက်အလက်များကို သေချာမသိ။ သူ့အိမ်တွင် ကျိမင်ရွေ့ကျန်ခဲ့သော မှုခင်းဓာတ်ပုံက များများစားစား မဟုတ်။ ပြန့်ကျဲ၍ အချက်အလက်မရှိသော ပုံတို့သာ သူ မြင်ခဲ့ရသည်။ ကြောင်အလောင်းအများစု၏ ဒဏ်ရာက တူညီနေသလိုပင်။

ဆုရှောင်းလန်က ‌စစ်မေးခြင်းကို မှတ်တမ်းရေးရန် တာဝန်ယူထားရ၏။ သို့သော် လီကွမ်းဖူကို စစ်နေသော ကျိမင်ရွေ့ကိုယ်တိုင်သည်ပင် လမ်းပျောက်နေသောကြောင့် သူမတွင် ဘာမှရေးစရာမရှိတော့။

ထို့ကြောင့် သူမ၏ အာရုံတို့က ရှေ့တည့်တည့်တွင် စာအတူဖတ်နေသော နှစ်ယောက်ထံသို့ လုံးလုံးလျားလျား ပုံကျသွားသည်။

သူတို့ကို စာအတူဖတ်နေသည်လို့လဲ ပြောလို့တော့မရ။ မှတ်တမ်းတစ်ခုကို အတူကြည့်နေသည့်တိုင် သူတို့ကြားမှ အကွာ‌အဝေးက တော်တော်လေးတော့ ခြားနေသေးသည်။ အဆိုပါအကွာအဝေးကို ဖန်တီးသူ လူကြီးမင်းချီချင်းမှာ လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲ ထည့်ကာ ချမ်းနေပုံပေါ်သည်။ မျက်နှာလေးက နွမ်းနေကာ မျက်ခွံများ ပိတ်ကျလုနီးပါးဖြစ်နေသည်။ သို့သော် ထိုသို့ပင်ပန်းနေတာတောင်မှ သူ့ဘေးမှ လူများနှင့် မထိမိစေရန် မမြင်နိုင်သော စည်းများတားရန် ကြိုးစားနေသေး၏။

ရှဲ့လင် : "မင်းထိုင်နေတာ အဝေးကြီးပဲ.. မြင်ရော မြင်ရလို့လား"

ချီချင်း : " ကျွန်တော် မျက်စိကောင်းတယ်"

" ..."

ထို့နောက်တွင်တော့ သူတို့နှစ်ယောက်သား ရှားရှားပါးပါး တက်ညီလက်ညီနှင့် အမှုအကြောင်းဆွေးနွေးကြလေသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now