Unicode
အဆိုပါ ကြွေပုလင်းထဲတွင် ရေညှိနှင့်တူသော အရည်များနှင့် သွေးများရောနေသည့် အလောင်းဆီများ ရှိနေသည်။ ယင်းဝမ်ရူဖျက်ချထားသော သန္ဓေသားအလောင်းမှာ သွေးခဲလုံးအသေးလေးတစ်ခုမျှသာ ရှိသည်။ ထိုသွေးခဲလေးကို သန္ဓေသားအလောင်းဟုသာ သူတို့ ကြိုမသိထားပါက ဘာမှန်းကိုပင် သူတို့ပြောနိုင်မည်မဟုတ်။
ပဲစေ့ခန့်သာရှိသေးသော သန္ဓေသားလေးတွင် လူပုံသဏ္ဍာန်တိတိကျကျ မပေါ်သေးပေမဲ့ ခေါင်းနေရာတွင်ရှိသော အစက်သေးသေးလေးနှစ်ခုက မျက်လုံးနှစ်လုံးပုံစံကဲ့သို့ရှိနေသည်။ နှာခေါင်းနှင့်တူသော အပေါက်လေးနှစ်ခု ရှိနေသလို ခြေလက်များနေရာတွင်လဲ ကြွက်သားသေးသေးလေးများ ပေါက်နေသည်။
......
သူမနားတွင် ထိုင်နေသော ယင်းဝမ်ရူ ထိတ်လန့်နေသည်ကို သက်သာစေရန် ဆုရှောင်းလန်က ရေတစ်ခွက်ငှဲ့ပေးနေသည်။ ကြွေပုလင်းကို တွေ့တော့ သူမကိုယ်ထဲမှ ထွက်သွားသော အသက်လေးတစ်ခုက ဒီလိုမျိုး မကောင်းဆိုးဝါးအသွင်ပြောင်းသွားမည်ဟု သူမ ထင်မထားခဲ့။ ထိတ်လန့်နေသည့်အတွက် သူမမျက်နှာတစ်ခုလုံး ဖြူဆုတ်နေသည်။
မြင်ရသူအားလုံးလဲ မျက်နှာမကောင်းကြ။
အားလုံးဟုတော့ ပြော၍မရ။ သူတို့ထဲမှ အကြံပေးနှစ်ယောက်မှာ မျက်နှာအမူအရာတစ်ချက်ပင် မပြောင်းလဲပဲ ရှိနေသည်။
" မင်း နေ့လည်စာ မစားရသေးဘူးမလား.. ဗိုက်ဆာနေပြီလား"
ရှဲ့မျိုးရိုးနှင့် အကြံပေးက သူ့ဘေးမှလူကို ပြောနေသည်။" ရပါတယ်"
လက်ထောက်အကြံပေးချီက ပြန်ဖြေသည်။ထို့နောက် နှစ်ယောက်သား စားစရာများ ဆက်ရွေးနေကြ၏။
" ရုံးအပြင်နားမှာ ဂျပန်ဆိုင်တစ်ဆိုင်ရှိတယ်... မဆိုးဘူးလို့ ပြောကြတာပဲ... ပြန်ရင် ဝင်စားကြည့်မလား"
" အအေးစာ မစားချင်ဘူး"
" ဟော့ပေါ့ဆိုရင်ရော"
" အနံ့ပြင်းတယ်.. မကြိုက်ဘူး"
"..."
ကျိမင်ရွေ့က ထိုသူနှစ်ယောက်ကို လျစ်လျှူရှု၍ ခပ်မာမာ မေးလိုက်သည်။
" ခင်ဗျားရှင်းပြပါဦး... ဒီပစ္စည်းက ခင်ဗျားအိမ်ထဲကို အတောင်ပေါက်ပြီး ပျံလာတာလား"
YOU ARE READING
အန္တရာယ်ရှိသော စရိုက် - ဘာသာပြန်
Mystery / ThrillerTitle - Dangerous Personality Author - Mu Gua Huang MC- Xie Lin x Chi Qing Chapter 161 + 2 extras ထူးဆန်းသည့် ပြန်ပေးဆွဲမှုတစ်ခုအပြီးတွင် ချီချင်းတစ်ယောက် မမျှော်လင့်ပဲ တစ်ပါးသူစိတ်ကို ဖတ်နိုင်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။ ထိုအချိန်မှစ၍ သူ့ပုံစံ...