Chapter 54- လမ်းကူးကြမယ်

1.1K 295 39
                                    

Unicode

(TN - ဒီအပိုင်းက description က အပိုင်းလေးပါပဲ)

ကျန်းယွီမွေးနေ့တွင် မိုးများစရွာလာသည်။ တောင်ပိုင်းတွင် မိုးသားများ မည်းနက်နေသည်မှာ အတော်ကြာနေပြီဖြစ်ရာ နောက်ဆုံး မိုးရွာချလိုက်တော့ ချီချင်း စိတ်တော်တော်လေး တက်ကြွနေ၏။ အဝင်ဝတွင် တန်းစီထားသော ထီးများထဲမှ သူ သဘောအကျဆုံးတစ်လက်ကို ရွေးလိုက်သည်။ တကယ်တော့ သူ့ထီးများအားလုံးက ဆင်တူများသာဖြစ်သည်။ ငွေရောင်လက်ကိုင်နှင့် အကြည်ရောင်ထီးရွက်ရှိသည့် ထီးများကိုသာ သူ နှစ်နှစ်ခြိုက်ခြိုက် သုံးတတ်သည်။

ကျန်းယွီက သူ့မွေးနေ့ကို အကြောင်းပြကာ သူ့အိုင်ဒေါကြီး ရှဲ့လင်နှင့် နီးစပ်ရန် ကြိုးစားနေသည်။ ရှဲ့လင်တစ်ယောက်ထဲကို သီးသန့်စကားမပြောရဲသော်လဲ စာပို့သည့် group ထဲတွင်တော့ ပို့ရသည်မှာ အောင့်သီးအောင့်သက် မဖြစ်နိုင်။

ကျန်းယွီ : "-အပြင်မှာ မိုးရွာနေတယ်နော် -ထွက်လာတဲ့အခါ ဂရုစိုက်ပါဗျ"

ချီချင်း ထီးရွေးကာ ထွက်ရန်ပြင်နေသည့်အချိန်တွင် အသစ်ဖွဲ့ထားသော group မှ စာများ တတောင်တောင်နှင့် တက်နေသည်။

ကျန်းယွီ: " -အားလုံးကို မျှော်နေမယ်နော်"

ကျိမင်ရွေ့က ပထမဆုံး စာပြန်သည်။
" ကျန်းယွီ .. မင်း ပုံမှန်စကားပြောရင်အကောင်းပါ.. စာရေးတော့ ဘာလို့ " - " တွေ သုံးပြီးရေးနေတာလဲ"

ရှဲ့လင်က ဘာမှထွေထွေးထူးထူး ဖြစ်မသွားပေမဲ့ ချီချင်းကတော့ ဖြစ်သည်။

ချက်ချင်းပင် group ကို ‌Do Not Disturb လုပ်ထားလိုက်၏။ သို့သော် ထိုgroup ထဲမှ ပြန်မထွက်ခင် ရှဲ့လင်၏ နာမည်မှ စာရေးနေသည်ကို တွေ့လိုက်ရသည်။
ရှဲ့လင် : " ကောင်းပါပြီ...အားလုံးပဲ ဂရုစိုက်ပြီးလာကြပါ"

ရှဲ့လင် : "ကျွန်တော်လဲ အခုပဲ ထွက်ခဲ့တော့မှာ.. အချိန်မီတော့ ရောက်မယ်ထင်တယ်..ခင်ဗျားတို့ မှာစရာရှိရင် အရင်မှာထားပါ အားမနာနဲ့"

ချီချင်းက ထီးဖျားကို မြေကြီး‌တွင် ထောက်၍ ရပ်နေသည်။ လက်တစ်ဖက်တွင် မဝတ်ရသေးသော လက်အိတ်နှစ်ဖက်လုံးကို ကိုင်ထား၏။ ‌အသေအချာဆုံးဖြတ်ပြီးသည့်အချိန်တွင်တော့ လက်အိတ်မဝတ်တော့ပဲ သေသေသပ်သပ်ခေါက်ကာ အိမ်အဝင်အထွက် အံဆွဲထဲ ပြန်ထိုးထည့်လိုက်သည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now