Chapter 48 - လူသတ်သမားကို အမဲလိုက်ခြင်း

1.1K 310 45
                                    

Unicode

ချီချင်းက တကယ်တော့ သူ့ရှေ့မှလူကို သေချာမမြင်ရ။ ‌တစ်ခန်းလုံးမှောင်မဲနေသည့်အတွက် ဝေဝါးဝါး မျက်နှာကိုသာ ရေးတေးတေး မြင်ရ၏။

သို့သော် ထိုသူ၏ နာမည်ကို အတိအကျ ခေါ်နိုင်လိုက်သည်မှာ ထိုအချိန်တွင်မှ အသေးစိတ်ကျသော အချက်လေးတစ်ခုကို သတိထားမိသွားသောကြောင့်ဖြစ်သည်။ အရင်တုန်းက သူပင် သတိမထားမိသော အချက်သေးသေးလေး...

" ခင်ဗျား ကျွန်တော့်ကို ဘယ်သူလဲလို့ ‌တွေးနေလိမ့်မယ်.. ကျွန်တော်တို့ တွေ့ခဲ့ဖူးတယ်လေ.. မဟုတ်သေးဘူး.. ခင်ဗျား ကျွန်တော့်ကို တွေ့ခဲ့ဖူးတာ"

" လွန်ခဲ့တဲ့ တစ်လကျော်က ကျွန်တော် Anjia မှာ အခန်းလိုက်ရှာတော့ ထျန်းရွေ့ရပ်ကွက်က တိုက်နံပါတ် ၁၃၅ ရဲ့ ၇လွှာမှာ အခန်းတစ်ခန်းကြည့်ဖို့ လုပ်ထားသေးတယ်.. ခင်ဗျား လိုက်ပြရမှာဆိုပေမဲ့ ခင်ဗျားရဲ့ လုပ်ဖော်ကိုင်ဖက်ပဲ ရောက်လာခဲ့တာ.. အခုလောက်ဆို ခင်ဗျား မှတ်မိသင့်နေပါပြီ"
ချီချင်းက စကားပြောနေရင်း ထထိုင်သည်။ တစ်ဖက်လူ ကြောင်အ ကြောက်လန့်နေသည်ကို အခွင့်ကောင်းယူ၍ ထိုသူလက်ထဲမှ ဓားကို အဖျားမှကိုင်ကာ တိတိကျကျ လှမ်းယူသည်။ ထိုခဏတွင် သူတို့နှစ်ယောက် နေရာပြောင်းသွားသလို ခံစားလိုက်ရသည်။ အကယ်၍ အခုအချိန်တွင်သာ ရဲများ အခန်းထဲ ဝင်လာပါက လူသတ်သမား ဘယ်သူဘယ်ဝါဆိုသည်ကို တပ်အပ်ပြောနိုင်မည်မဟုတ်။

ချီချင်းက တည်ငြိမ်စွာနှင့် ဆက်ပြောသည်။
" တကယ်တော့ ခင်ဗျား အဲ့ဒီ့နေ့က အဲ့ဒီ့နေရာကို ရောက်လာခဲ့သားပဲ..ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ဆီ လာတော့မယ့်အချိန်မှာ ကျွန်တော့်ဘေးမှာ ရပ်နေတဲ့သူကို မြင်လိုက်ရတယ်"

ထိုအချိန်တွင် ဗီရိုထဲမှ ကျိမင်ရွေ့ ‌တွေးနေသည်က "ငါ့သူငယ်ချင်း အရမ်းမိုက်တာပဲ.. ဓားကိုတောင် ဆွဲယူရဲတယ်"ဟူ၍ ဖြစ်သည်။
ထို့နောက် တစ်ချိန်ထဲတွင် " ဘေးမှာရပ်နေတာ ဘယ်သူမို့လို့လဲ" ဟု ‌တွေးနေသေးသည်။

အတော်ကြာအောင် တွေးပြီးတော့မှ ချီချင်းပြောနေသည့်အကြောင်းအရာကို သူ တော်တော်လေး ရင်းနှီးနေမှန်း သိလိုက်ရသည်။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now