Chapter-(27)

267 58 2
                                    

Unicode

အချိန်မရွေးအိမ်ပြန်လာနိုင်သည့် ချန်ယုကိုသတိထားနေရင်း ရှုမြောင်မြောင်သည် ခက်ခက်ခဲခဲစာရိုက်နေလိုက်သည်။ ည12နာရီခန့်ရောက်သောအခါ သူ့လက်ဖဝါးလေးသည်အလွန် ကိုက်ခဲလာရပြီး သူ့ခေါင်းမှာလည်းမူးဝေလာရသည်။ သူ၏ typing တိုက်ပွဲကို ကြည့်လိုက်သောအခါ လေး ငါး ခန်းပင်ကျန်နေသေးပြီး ထိုအပိုင်းများ ပြီးရန် နောက်နှစ်နာရီခန့်အချိန်ယူရဦးမည်ဖြစ်သည်။

ချန်ယုသည် ဖုန်းဖြေကာထွက်သွားပြီးတည်းက အခုချိန်ထိပြန်မလာသေးပေ။

ရှုမြောင်​မြောင်သည် ချန်ယု ဒီညပြန်မလာနိုင်လောက်ဘူးလို့ခန့်မှန်းလိုက်သည်။အကယ်၍
သူပြန်လာခဲ့လျှင်ပင် အလွန်ပင်ပန်းလာသော
ကြောင့် တန်းအိပ်ပျော်သွားမည်ဖြစ်သည်။ ထို့ကြောင့်သူသည် ညလယ်မှ ထ editရန်နှင့် အသွင်းပြောင်းဆေးရည်ကုန်မှသာ အနားယူရန်ဆုံးဖြတ်လိုက်သည်။

ရှုမြောင်​မြောင်သည်ရေသောက်ရန်စျေးကြီးသည့်ရေသန့်စက်ဆီသို့ပြေးသွားလိုက်သည်။
ထို့နောက် သူ၏လက်ဖဝါးလေးများကိုလျှက်လိုက်ပြီး ဆိုဖာပေါ်တွင်လှဲလျောင်းကာ group chatအတွင်းသို့ဝင်လိုက်သည်။

မှတ်တမ်းများကိုဝင်ကြည့်လိုက်သောအခါ group adminသည်အဖွဲဝင်သစ်များထပ်ထည့်ထားသည်ကိုတွေ့လိုက်ရပြီးထိုထဲကတစ်ကောင်တွင် [ဟေးမင်]ဟုရေးထားသည့်အရမ်းမိုက်သည့်IDရှိနေပေသည်။

အံ့သြစရာကောင်းသည်မှာ ထိုIDနှင့်ကြောင်သည် သူ့တစ်ယောက်တည်းအတွက် ''စာအိတ်နီဖမ်းယူခြင်း'' moodကို on ထားလေသည်။

ပြောရမည်ဆိုလျှင် သူ စာအိတ်နီများကိုကြဲလိုက်သည်နှင့် ထိုကြောင်သည်သူ့စာအိတ်နီများကိုချက်ချင်းဖမ်းယူနိုင်မည်ဖြစ်သည်။ သို့သော် groupအတွင်းသို့ရှုမြောင်​မြောင် စာအိတ်နီကျဲပေးသည့်အရေအတွက်မှာ အလွန်နည်းပေသည်။

ငါ့မှာ ဘာစိတ်ဝင်စားစရာရှိလို့လဲ???

ပရိုဖိုင်ကိုနှိပ်ကြည့်လိုက်သောအခါ နားရွက်တွင် ရွှေရောင်အမွှေးများကွပ်ထားသည့် အမဲရောင်ကြောင်တစ်ကောင်၏ပုံပေါ်လာသည်။ထိုကြောင်သည်အလွန်ထက်မြက်ကာ အရိုင်းဆန်မည့်ပုံပေါ်သော်လည်း
ရှုမြောင်မြောင်သည် သူ့ကို တစ်ခါမှမမြင်ဖူးပေ။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now