Chapter-(19)

220 54 1
                                    

Unicode

ဖီဘီသည် သူမ၏မျက်လုံးများ ပြန်လည်လှပလာတော့မည်ဟုကြားလိုက်ရသောအခါ အပျော်လွန်သွားပြီး အမြင့်စင်ပေါ်သို့ တစ်ချိန်လုံးတက်ဆော့နေသဖြင့် ချန်ယုသည် ကြောင်မလေး အမောဖောက် သွားမည်ကိုပင် စိုးရိမ်လာခဲ့သည်။

နောက်တစ်နေ့တွင် ချန်ယုသည်
ကြောင်မလေးကို ကုထုံးဆရာဝန်နှင့်
ဆက်လက်ကုသရန် ဆိုင်သို့ပြန်ခေါ်သွားခဲ့သည်။

သူ့မ၏မျက်ကပ်မှန် ရရှိရန်မှာ အချိန်အလွန်ကြာနေပြီဖြစ်သည်အတွက် ဖီဘီသည် နတ်ဘုံအရောင်းဆိုင်မှ အရောင်ပါမျက်ကပ်မှန် မရရှိလိုက်မည့်ကို အလွန်စိုးရိမ်နေခဲ့ပြီး
ဆေးကုခန်းတွင်နေခဲ့ရန် ငြင်းဆန်လေသည်။

ထို့ကြောင့်ချန်ယုသည် ကျန်းမိန်မိန်အား ဖုန်းထပ်ဆက်ချင်သော်လည်း အရင်စဆက်လိုက်သည်။

"ဖီဘီ အစာစားနေပြီးလား?။"

"မနက်စာကိုသုံးပုံတစ်ပုံလောက်တော့စားတယ်။"

"ဟုတ်လား?"

ကျန်းမိန်မိန်သည် အံဩပျော်ရွင်သွားကာ

"ဒါဆိုရင် ဖီဘီ ကို ရှင့်အိမ်မှာတစ်ပတ်၊နှစ်ပတ်လောက် ထားလို့ရမလား။ရှင့်ဆီမှာလည်း အမွှေးရှည်ကြောင်တစ်ကောင် ရှိတယ်ဆို၊ဖီဘီက သူနဲ့နေရလို့ထင်တယ်။ ဒါကြောင့်လေ ဖီဘီကို သူမပြန်ကောင်းလာတဲ့အချိန်အထိ အဲ့မှာ နေခိုင်းလို့ရမလား?။"

ချန်ယုသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အိမ်တွင် ကြောင်နှစ်ကောင်ရှိလာလိမ့်မည်ဟု ဘယ်သောအခါမှ သူ မတွေးခဲ့မိပါ။

ကျန်းမိန်မိန်သည် အမြန်ဆက်ပြောလိုက်သည်။

"တစ်ပတ်၊နှစ်ပတ်လောက်ဘဲ နေခိုင်းမှာပါ။တရားရုံးကိစ္စတွေ ပြီးသွားရင် ကျွန်မအသိုင်းအဝိုင်းထဲမှာ ရှင့်ဆိုင်ကိုလည်း
ကြော်ညာပေးမယ်လေ?။"

ချန်ယုသည် စိတ်ယိမ်းယိုင်သွားခဲ့ပြီး ထို့သို့ ကြော်ငြာပေးခြင်း(မိမိအတွေ့အကြုံကိုဝေမျှပေးခြင်း) သည် ပုံမှန် ကြော်ငြာပေးခြင်းထက် ပိုပြီး ထိရောက်ပေသည်။ သို့သော် ချန်ယုသည် ဖီဘီအတွက် ကုထုံးဆရာဝန်နှင့်
အရင် တိုင်ပင်ကြည့်လိုက်သည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now