Chapter-(5)- Brilliant Scheme

268 39 2
                                    

Unicode

အသွင်ပြောင်းဆေးရည်!!!!!

ရှုမြောင်မြောင်သည် မယုံနိုင်ဖြစ်သွားကာ မျက်လုံးများကို ကျယ်ကျယ်ဖွင့်ပြိး စာလုံးများကို သေသေချာချာဖတ်ကြည့်လိုက်သည်။ သို့သော် သူမှားဖတ်မိသည် မဟုတ်ကြောင်း သိလိုက်ရသောအခါ ရှုမြောင်မြောင်သည် စိတ်လှုပ်ရှားကာ အံ့သြတကြီးဖြစ်သွားရသည်။

'' Meow Meow!??''

ငါ လူအဖြစ်ပြန်ပြောင်းလို့ရတော့မှာလား။

သူသည် စာလုံးများကို သူ၏လက်ဖဝါးလေးဖြင့် ဖိလိုက်သောအခါ အိပ်မက်ဆန်သည့် တောက်ပသောအလင်းတန်းများသည်
ပေါက်ကွဲထွက်လာပြီး ဆေးရည်ပုလင်းငယ် တစ်လုံးသည် သူ့ရှေ့တွင် ပေါ်လာလေသည်။

ရှုမြောင်မြောင်သည် ပုလင်းငယ်လေးကို သူ၏ လက်ဖဝါးလေးများဖြင့် ဖမ်းယူလိုက်ပြိး ပုလင်းကိုယ်ထည်ကို သူ၏ကိုယ်လုံးဖြင့် ထိန်းထားကာ ချွန်ထက်သော အစွယ်လေးများကို သုံးပြီး ပုလင်းကိုဖွင့်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် သောက်လိုက်လေသည်။

ဆေးရည်သောက်ပြီးသည်နှင့် တစ်ပြိုင်နက် သူ၏ တစ်ကိုယ်လုံးသည် ထူးဆန်းမှုများကို ခံစားလာရသည်။ သူသည် အရိုးများ ရှည်ထွက်လာမှုကို ခံစားလိုက်ရပြီး သူ၏အရေပြားသည်လည်း ယားယံလာရသည်။ သူ့၏အမြင်အာရုံသည်လည်း တဖြည်းဖြည်းမြင့်တက်လာမှုကို ခံစားလိုက်ရပြီး ဆယ်စက္ကန့်မျှကြာသောအခါ သူ၏ ပြောင်းလဲမှုများသည် ရပ်တန့်သွားပြီး ယားယံမှုများလည်းပျောက်သွားပေသည်။

ရှုမြောင်မြောင်သည် သူ့လက်နှစ်ဖက်ကို အရှေ့သို့ ဆန့်ထုတ်ကြည့်လိုက်ပြီး လူ့လက်တစ်စုံကို မြင်လိုက်ရသောအခါ အံ့သြသွားရတော့သည်။

သို့သော် သူ အံ့သြခြင်း မပြီးဆုံးသေးခင်မှာပင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သူရှာဖွေတွေ့လိုက်ရသည်။ သူ၏မူလလက်ချောင်းများသည် များပြားသော update များကြောင့် အသားမာများရှိနေသော်လည်း ယခုလက်ချောင်းများမှာမူ အရွယ်အစားတူညီနေသော်လည်း အလွန် နူးညံ့နေလွန်းပေသည်။

ကြည့်ရတာ ဒီခန္ဓာကိုယ်က အနည်းငယ်အပြောင်းအလဲရှိတဲ့ပုံပဲ။ သူ့အသားအရေက ပိုကောင်းလာပြီး နူးညံ့စိုပြေနေသေးတယ်........

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now