Chapter-(1) blind date

513 60 3
                                    

Unicode

ရှုမြောင်မြောင်သည် ကော်ဖီဆိုင်အတွင်းတွင်ထိုင်နေပြီး သူ့ကော်ဖီခွက်မှာလည်း သုံးကြိမ်တောင် ထပ်ဖြည့်ပြီးပြီဖြစ်သည်။

သူ တစ်စုံတစ်ယောက်ကို စောင့်နေတာဖြစ်ပြီး အဲ့သူကတော့သေချာပေါက်နောက်ကျနေခြင်းမဟုတ်။ သူကသာ အရမ်း
စိတ်လှုပ်ရှားနေသဖြင့် စောရောက်ကာ လေ့ကျင့်နေခြင်းဖြစ်သည်။

ထိုအချိန်တွင် ဖုန်းရှိ နာရီသည် ချိန်းဆိုထားသည့်အချိန်နှင့် 20မိနစ်လိုသေးကြောင်းပြသနေပေသည်။ ထို့ကြောင့် သူသည် မတ်တပ်ရပ်လိုက်ပြီး သန့်စင်ခန်းဘက်သို့လှည့်လိုက်ကာ အခန်းတစ်ခန်းရှာဝင်ပြီး လော့ခ်ချလိုက်သည်။

ကော်ဖီဆိုင်မှာ အရမ်းသန့်ရှင်းလွန်းပြီး တောက်ပြောင်နေပေသည်။ အမျိုးသား
သန့်စင်ခန်း ၏ အခန်းအတွင်းတွင်လည်း မှန်များတပ်ဆင်ထားပေသည်။ အဲ့တာက ဧည့်သည်တွေသူတို့ကိုယ်သူတို့ ပြင်ဆင်လို့ရအောင် ထားပေးပုံပေါ်သည်။ ဒါပေမဲ့ ဘယ်သူက ဒီလိုအချိန်မှာ မှန်ကြည့်ချင်မှာလဲ။

ဒါပေမဲ့လည်း အဲ့လို ဒီဇိုင်းအသွင်အပြင်က
ရှုမြောင်မြောင်အတွက်တော့ အလွန်အဆင်ပြေပေသည်။

သူသည် ဆံပင်နဲ့ ကော်လံကို သေချာသပ်ရပ်အောင်ပြင်ဆင်လိုက်ပြီး သူရဲ့ နှစ်ထပ်အနွေး ဘောင်းဘီရှည်ကိုလည်း ပြင်ဆင်လိုက်သည်။ ထို့နောက် ကုတ်အကျီရှိ ကြယ်သီးများကိုသေချာတဂရုတစိုက် တပ်လိုက်ပြီး
ရွှေအနားသတ် မျက်မှန်ကိုပါ တပ်ဆင်လိုက်သောကြောင့် ပညာရှိပြီး အနုပညာဆန်သည့်ပုံပေါ်လွင်စေပေသည်။

'' ဟယ်လို ကျွန်တော့်နာမည်က
ရှုမြောင်မြောင်ပါ။ ''

ရှုမြောင်​မြောင်က မှန်ကိုကြည့်ရင်း ပြောလိုက်သည်။

''Xu Xian ရဲ့ Xu. ding ရဲ့ ding. Maoရဲ့ Mao Mao ပါ''

ရှုမြောင်​မြောင်က ပြောနေရတာကို ခဏရပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ မကောင်းဘူး အဲ့တာက အရမ်းရိုင်းတဲ့ပုံပေါ်လွန်းတယ်။

အဲ့နောက်သူက နောက်တစ်ကြိမ်ပြန်စလိုက်သည်။

'' ဟယ်လို ကျွန်တော့်နာမည်က ရှုမြောင်မြောင်ပါ Cheng xin xu ရဲ့ xu ၊ke ding ke mao ရဲ့ mao ပါ''

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now