Chapter-(15) Mao live 3

230 50 1
                                    

Unicode

လွန်ခဲ့သည့် မိနစ်နှစ်ဆယ်ခန့် အချိန်သို့ပြန်သွားမည်ဆိုလျှင်....

ချန်ယုသည် စာကြည့်ခန်းအတွင်းသို့
အော်စကာ ပြေးဝင်သွားသည်ကို
ကို မြင်လိုက်ရသော်လည်း ဝက်ဝံရုပ်သည်
ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ထားထားသောကြောင့် ကင်မရာရှုထောင့်ကို
စာကြည့်ခန်းရှိရာသို့ ပြောင်းရွေ့လိုက်သည့်တိုင် အခန်းအတွင်းရှိအော်စကာ၏လှုပ်ရှားမှုများကို မမြင်နိုင်ပေ။

ချန်ယုသည် စာအုပ်များကို အော်စကာ ဆုတ်ဖြဲပစ်လိုက်မည်ကို စိုးရိမ်မိလိုက်သော်လည်း အော်စကာသည် သူ့ ကွန်ပျုတာ
ရှိ ကင်မရာကိုသာ ပါးစပ်ထဲတွင် ကိုက်ချီလာပြီး ဧည့်ခန်းအတွင်းရှိ ကော်ဖီစားပွဲငယ်ပေါ်တွင် တင်လိုက်ကာ သူ၏လက်ဖဝါးနှစ်ဖက်​ဖြင့် ကင်မရာရှုထောင့်ကိုချိန်ညှိနေသည့်အသွင် ပြုလုပ်နေလေသည်။ ထို့နောက်
ကင်မရာရှေ့တွင် ထိုင်ချလိုက်ပြီး သူ၏ ခေါင်းနှင့် အမြှီးရှည်လေးကို လှုပ်ယမ်းလိုက်လေသည်။

ထိုသို့ ချစ်စရာအလွန်ကောင်းလွန်းသည့်အမှုအရာကြောင့် ချန်ယုသည်ပင် ကူကယ်ရာမဲ့ဖြစ်သွားပြီး နှုတ်ခမ်းထောင့်များ မြင့်တက်သည်အထိပြုံးလိုက်လေသည်။ ထို့နောက် အချိန်အနည်းငယ်အကြာမှာပင် အော်စကာသည် စာအုပ်တစ်အုပ်ကို ပါးစပ်ထဲတွင် ကိုက်ချီလာပြန်သည်။ ချန်ယု အနီးကပ်ကြည့်ကြည့်လိုက်သောအခါ
ထိုစာအုပ်သည် သူလေ့လာနေဆဲဖြစ်သည့်
" ကြောင်မွေးမြူရေး စွယ်စုံကျမ်း'' ဖြစ်နေလေသည်။

ကိုက်ချီလာရုံတင်မကဘဲ အော်စကာက အဲ့တာကို တစ်ရွက်ပြီး တစ်ရွက်ဖတ်နေတယ်??

အော်စကာသည် စာမျက်နှာတစ်မျက်နှာစီတွင် အချိန်အတော်ကြာရပ်နေပြိး သေသေချာချာ ဂရုတစိုက် ဖတ်နေသည့်ပုံပေါ်လေသည်။ ထို့သို့ အလေးအနက်ဖြစ်နေသည့်အသွင်သည် အမှန်တကယ်ပင် လူ
အများအပြားကို ရယ်မောစေနိုင်လေသည်။

ဒါပေမဲ့.........ကြောင်တစ်ကောင်က စာဖတ်နိုင်တယ်။ ပြီးတော့ဖတ်တာက ''​ကြောင်မွေးမြူရေးစွယ်စုံကျမ်း '' !!!!! ဒါကြီးက အရမ်းကို မယုံနိုင်စရာကောင်းလွန်းတယ်.....

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now