Chapter-(6) A get-together party

264 40 1
                                    

Unicode

နောက်ရက်များတွင်လည်း ရှုမြောင်မြောင်သည် အရင်လို ထပ်ဖျက်စီးခဲ့ပြီး ချန်ယုသည် အိပ်ရာပေါ် မတက်ခိုင်းခြင်းဖြင့်သာအပြစ်ပေးခဲ့သည်။တတိယမြောက်နေ့တွင်  ရှုမြောင်မြောင်၏ သေကြောင်းကြံခြင်း သည် အဆင့်ပိုမြင့်သွားခဲ့ပြီး သူသည် အစားအစာများကို ပေပွနေအောင် စားရုံမက သူ၏ ကြောင်အိပ်ရာထဲတွင်လည်း ရှူးပေါက်ချခဲ့သည်။ထို့​ပြင် ပိုညစ်ပတ်သွားအောင်  သူသည် ရေများကို မှောက်ချခဲ့ ပြီး ဧည့်ခန်းအတွင်းတွင်လည်း ရေများစိုရွဲ့နေအောင် ပြုလုပ်ခဲ့သည်။

ချန်ယု အိမ်ပြန်ရောက်လာသောအခါတွင်  ရေစိုကွက်များကို နေရာအနှံ့တွင် မြင်တွေ့လိုင်ရပြီး တောက်ပစွာပြုံးလိုက်သည်။ သူ၏ မျက်လုံးတစ်စုံကမှု ထောင့်စွန်းနားတွင် ပုန်းနေသည့် အရှက်မဲ့သည့် ကြောင်ကို စိုက်ကြည့်လိုက်လေသည်။

ထို့နောက်ချန်ယုသည် နံစော်နေသော ကြောင်အိပ်ရာကို ကိုင်မလိုက်ပြီး မျက်နှာသေဖြင့် ပြောလာလေသည်။ '' အော်စကာ မင်း ကောင်းတဲ့အလုပ်ကို လုပ်ခဲ့တာပဲ အရင်ကတစ်ခါမှ ဒီလို သေးပေါက်မချဖူးဘူး''

ရှုမြောင်မြောင်သည် ညင်သာသောအသံဖြင့် ပြန်ဖြေလိုက်သည်။

"Meow~~''

အမျိုးသားနတ်ဘုရားကြီးရေ   သည်းမခံနိုင်တော့ဘူးဟုတ်။

ထိုနေ့ညနေတွင် ချန်ယုသည် ကြောင်ကို လစ်လျူရှုထားပြီး ဖုန်းကိုလက်တစ်ဖက်နှင့်ကိုင်ကာ  သူငယ်ချင်းနှင့် wechatတွင် တစ်ချိန်လုံး စကား​ပြောနေသည်။အရေးကြီးကိစ္စတစ်ခုကို စဉ်းစားနေပုံပင် ချန်ယုသည်  မျက်မှောင် ကြုံထားပြီး ချောင်လင်ဖန်းကို  ဖုန်းဆက်လိုက်သည်။

"ဟေး ချောင်လင်ဖန်း၊ငါမင်းကို ပြောစရာတစ်ခုရှိလို့..''

ရှုမြောင်မြောင်သည်  နားရွက်များကို ထောင်မတ်ကာ ခိုးနားထောင်နေလိုက်သည်။

'' အခု အလုပ်များနေတာလား။ရတယ် ရတယ်။ ငါမင်းကို WeChatကနေ စာပို့ထားလိုက်မယ်။"

ချန်ယုသည့ ဖုန်းပြောနေရင်း ရှုမြောင်မြောင်ကို ဖျတ်ကနဲလှမ်းကြည့်လိုက်ပြီး

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now