Chapter-(13) Mao live 1

288 42 3
                                    

Unicode

ရှုမြောင်မြောင်သည် ဂိမ်းlevelအကုန်ပြီးအောင်ကစားနေခဲ့သဖြင့် နေ့တစ်ဝက် ကုန်သွားသည် ကိုပင် သတိမထားမိခဲ့ပေ။ ထို့အပြင် တက်ဘလက်သည်လည်း အားကုန်ကာ စက်ပိတ်သွားလေသည်။

ကြွက်တွေအကုန်လုံးရှင်းလိုက်နိုင်ပြီ fk ကြောင်ဗီဇကြောင့်ပဲ။

ရှုမြောင်မြောင်သည် မူလက တက်ဘလက်ကို သုံးတာ အင်တာနက်ဆယ်လီလမ်းစဥ်ကို ရှာရန် စီစဥ်ထားသော်လည်း ဂိမ်းဆော့လိုက်မိသဖြင့် တက်ဘလက်သည် အားမရှိတော့ပေ။

ရှုမြောင်မြောင်သည် ဒေါသထွက်စွာဖြင့် တက်ဘလက်ကိုပစ်ချလိုက်ပြီး group အတွင်းရှိ ကြောင်များနှင့်သာ ဆွေးနွေးရန်
ဆုံးဖြတ်လိုက်သည်။

ရှုမြောင်မြောင်သည် ခြူလုံးအတွင်းသို့ဝင်လိုက်သောအခါ သူ၏ ကိုယ်ပိုင်စာမျက်နှာခေါင်းစီးရှိ love valueအရေအတွက်သည် ခြောက်သောင်းကျော်နေသည်ကို အံ့သြစွာတွေ့လိုက်ရသည်။ သို့သော် နောက်ဆုံး
တစ်ကြိမ် သူကြည့်ခဲ့သည့် နံပါတ်သည် တူညီနေသည်ကို သတိရလိုက်မိသည်။ ဗီဒီယိုက အခုထိလွှင့်နေတုန်းမဟုတ်ဘူးလား...

ထိုအချိန်တွင် groupအတွင်းတွင် ကြော်ငြာစာများ တက်လာခဲ့သည်။

[စွမ်နီ]- [လီလီ] groupထဲကို ရောက်လာတယ်။

[စွမ်နီ]- groupရဲ့ စွမ်းအားကို ပြတဲ့အနေနဲ့ မင်းတို့ရဲ့ လက်ဖဝါးလေးတွေနဲ့ အမြှီးလေးတွေကို မြှောက်ပြီး ကြိုဆိုပေးလိုက်ကြဦး..

[အော်စကာ]- နွေးထွေးစွာ ကြိုဆိုပါတယ်။

online ဖြစ်နေသောကြောင်များအားလုံးသည် ဝိုင်းဝန်းကြိုဆိုလာကြသည်။

[လီလီ]- ရှက်နေသည့် emoji ..ကျေးဇူးပြုပြီးဂရုစိုက်ပေးကြပါဦး...

[လီလီ]သည် စာအိတ်နီတစ်အိတ်ကို ပေးပို့လိုက်သည်။

ရှုမြောင်မြောင်သည် love value
ခြောက်သောင်းကျော်ရှိနေသည့်အပြင်
အဖွဲ့ခေါင်းဆောင်သည်လည်း group စွမ်းအားကိုပြရန် ပြောထားသောကြောင့်
ရှူမြောင်မြောင်သည် စာအိတ်နီကိုအလျင်အမြန်ဖမ်းယူလိုက်သည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now