Chapter-(20)

181 55 0
                                    

Unicode

သူ၏ယခင်တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် love valueများ ပိုရလာသည်ဟု ရှုမြောင်​မြောင်ထင်လိုက်သည်။ ထို့ကြောင့် သူသည် ပိုကြိုးစားလေ့ကျင့်လိုက်ပြီး ပှံမှန်အတိုင်း
နေ့လည်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။

သူသည် အလင်းရောင်ကောင်းစွာ ရရှိရန် ခန်းစီးကို ဖွင့်ချလိုက်ပြီး ကင်မရာကို နေရာ
သေချာချကာ သီချင်းကို ဖွင့်လိုက်ပြီး
ကနေကျနေရာလေးတွင် စတင် ကခုန်လိုက်သည်။

အပြင်းအထန် လှုပ်ရှားကရသည့် ကကွက်များကို ပြုလုပ်ရသည့်အချိန်တွင်
ရှုမြောင်မြောင်သည် ယခင်ထက် ကြိုးစားပမ်းစားလှုပ်ခါလိုက်သည်။ သူ၏ လှုပ်ရွနေသည့်ခါးသည် အချိန်မရွေး
ကျိုးကြေသွားနိုင်သကဲ့သို့ ပျော့ပြောင်းနေပေသည်။ ထို့ပြင် ရှုမြောင်မြောင်သည်ယနေ့တွင် အထူးတလည် ပြင်ဆင်ထားသည့်ကကွက်အချို့ကိုပါ ထပ်ပေါင်းထည့်ထားလေသည်။

သီချင်း၏နောက်ဆုံးကကွက် ပြီးသည့် အချိန်တွင် ရှုမြောင်မြောင်သည် မတ်တပ်ရပ်လိုက်ပြီး သူ၏လက်ဖဝါး​လေးကို ရင်ဘတ်ပေါ်တွင်တင်လိုက်ကော ကြည့်ရှုပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရန် ခေါင်းကိုငုံ့ချလိုက်သည်။

love value တိုးလာသံများသည် သူ့နားကိုပင်ကန်းသွားစေနိုင်လေသည်။

ရှုမြောင်မြောင်သည် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ မက်ဆေ့ချ်များကို ဖတ်ရန် စာကြည့်ခန်းအတွင်းသို့ ပျော်ရွင်စွာဝင်သွားလိုက်သည်။

သို့သော် မက်ဆေ့ဘောက် သည် အရင်နေ့ထက် အနည်းငယ် ထူးဆန်းနေပေသည်။
ချစ်ဖို့ကောင်းလိုက်တာ၊ နောက်တစ်ခါ
ထပ်ကပြပေးပါဦး ဟု ပြောနေကြ
သည့်လူများ ရှိသော်လည်း အများစုသည် သူနှင့် ဖီဘီ၏ တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းကိုသာ ပြောနေကြလေသည်။

သူတို့တွေက ဖီဘီ ရဲ့နာမည်ကိုတောင် သိကြတယ်ပေါ့???

[ ကျောက်ဆူးရေ မင်းက တော်တော်ဝတာပဲ။
မင်းရဲ့နောက်ခံအကသမားသေးသေးလေးကော ဘယ်မှာလဲ။မင်းတို့နှစ်ယောက်တူတူမကကြဘူးလား။]

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now