Chapter-(18) Phoebe cat (3)

228 52 1
                                    

Unicode

ရှုမြောင်မြောင်သည် သူ၏ဘော့စ်စွမ်းအားကို စွန့်လွှတ်လိုက်ပြီး သူ၏ခြူလုံးသည် မတော်တဆရရှိခဲ့ကြောင့်နှင့် သူတွင်
မည့်သည့်သဘာဝလွန်စွမ်းအား၊နတ်သမီး စွမ်းအား နှင့်နတ်ဆိုး စွမ်းအားများ မရှိကြောင်း ပြောပြလိုက်သည်။

ထိုအခါဖီဘီသည် အလွန်စိတ်ဓာတ်ကျသွားပြီးရုတ်တရက် ငိုကြွေးလာခဲ့လေသည်။

"Meow?" မင်းဘာလို့ငိုပြန်တာလဲ??

ရှုမြောင်မြောင်သည် ကူကယ်ရာမဲ့ဖြစ်သွားပြီး သူ၏လက်ဖဝါးလေးကိုမြှောက်ကာ ကြောင်ရုပ်ဆိုးလေးအား နှိမ်သိမ့်ရန်ကြိုးပမ်းလိုက်သည်။

ဖီဘီ၏နားရွက်များသည် ထောင်မတ်လာကာအော်စကာကိုတစ်ချက်မော့ကြည့်လိုက်ပြီး သူမ၏လက်ဖဝါးများဖြင့် မျက်နှာကို အုပ်ကာ နောက်တစ်ကြိမ်ငိုကြွေးနေပြန်လေသည်။ အလွန်စိတ်ပျက်အားငယ်မှုကြောင့်
သူမ၏‌နောက်ကျောသည်ပင် တသိမ့်သိမ့်
တုန်နေပေသည်။

သူမ၏အဆက်မပြတ်ငိုကြွေးသံများကြားတွင် ရှုမြောင်မြောင်သည် ရုတ်တရက်နားလည်သွားသည်။ ယခင်အချိန်များတွင် ဖီဘီသည် ပြိုင်ပွဲတော်တော်များများတွင် ပါဝင်ယှဉ်ပြိုင်ရန် အဆင့်မှီသည့် ဂါဖီးကြောင်တစ်‌ကောင်ဖြစ်ခဲ့ပြီး အမြင့်ဆုံးဆုကိုပါ ဆွတ်ခူးနိုင်ခဲ့လေသည်။

သို့သော် ယခုအချိန်တွင်မှု သူမ၏အမွှေးများသည် ပျက်စီးနေရုံမက သူမ၏လှပ
သည့် မျက်လုံးဝိုင်းလေးများသည်လည်း ပျောက်ကွယ်သွားလေသည်။ ထိုကြောင့်
ခြူလုံးပိုင်ဆိုင်သည့်ကြောင်သည် နတ်သားကြောင်တစ်ကောင်ဖြစ်ကြောင်း ကြားဖူးထားသည့် ဖီဘီသည် ချန်ယု့ဖုန်းရှိ ဗီဒီယိုကိုတွေ့လိုက်ရသည့်အခါ အလွန်စိတ်လှုပ်ရှားသွားခဲ့ရခြင်းဖြစ်သည်။

ချန်ယု ထမင်းကြော်ယူလာသောအခါ ဖီဘီသည် အငိုတစ်ခန်း ရပ်လိုက်သည်။

ရှုမြောင်မြောင်သည် အလွန်ဗိုက်ဆာနေသ
ဖြင့် ဖီဘီကို လျစ်လျူရှုကာ တစ်ယောက်
တည်းစားနေလိုက်သည်။သို့သော် ဖီဘီသည် သူမရှေ့ရှိ အရသာအလွန်ကောင်းလွန်းသည့်
ထမင်းကြော်အား မျက်နှာသေဖြင့်စိုက်ကြည့်နေလေသည်။ ထို့နောက်သူမသည်လည်း
ဆွဲဆောင်ခံလိုက်ရပြီး အလုပ်အနည်းငယ်ခန်စားသုံးလိုက်သည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now