Chapter-(10) Found

263 45 1
                                    

Unicode

ချန်ယုသည် သူ့ခေါင်းပေါ်သို့ လေပူများ
ရှူထုတ်လိုက်သောအခါ ရှုမြောင်မြောင်သည် မျက်ရည်ကျလုနီးပါးဖြစ်သွားရသည်။ထို့သို့ဖြစ်ရခြင်းမှာ စိတ်ခံစားချက်ကြောင့်မဟုတ် ၊ ချန်ယု ရှူထုတ်လိုက်သည့် လေများသည် အလွန်ပူနွေးလွန်းသောကြောင့်ဖြစ်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ငြီးငြူးမိလိုက်သည်။

ဝူးဝူး... ချန်ယု၊  မင်း ငါကို သင်းကွပ်ဖို့ပြန်ခေါ်သွားမှာ ကို ကြောက်တယ်....

အမျိုးသားနတ်ဘုရားကြီး၏ကြောင်များ အပေါ်နားလည်နိုင်မှု စွမ်းရည်သည် အလွန် အံသြစရာပင် ၊သူသည် တုန်လှုပ်မှုသေးသေးလေးကို မြင်လိုက်သည်နှင့် ရှုမြောင်မြောင့်စိတ်ထဲရှိစကားတွေကို ဖတ်နိုင်ပေသည်။

"မကြောက်ပါနဲ့"

ချန်ယုသည် သူခေါင်းကို ပွတ်သပ်ပေးရင်း သက်ပြင်းချကာပြောလိုက်သည်။

"ငါ့ အမှားပါ။ သင်းကွပ်တာက မင်းအတွက်ပိုကောင်းမယ်လို့ ငါ ထင်ထားခဲ့တာ။ဒါပေမဲ့ ဆေးခန်းမှာ မင်း တုံ့ပြန်မှုကို မြင်လိုက်ကတည်းက ငါမင်းကို  ချက်ချင်း​ပြန်ခေါ်လာခဲ့လိုက်ရမှာ ။ မင်း သင်းကွပ်ခံရမှာကြောက်လို့ ထွက်ပြေးသွားတာမလား"

"Meow"

"မင်းပြောတာကို ငါနားမလည်ဘူး"

ချန်ယုသည် ခေါင်းခါပြီး သူကိုသေချာ
စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ ငါ ခံစားမိပါတယ်။"

"Meow"

ရှုမြောင်မြောင်သည် သူ၏နူးညံသော အသံအောက်တွင် မျက်ရည်ကျချင်သွားပြီး အကယ်၍ ယခုချိန်တွင် သူ သင်းကွပ်ခံလိုက်ရလျှင်တောင် တန်သည် ဟု သူခံစားမိလိုက်သည်။

"ငါ မင်းကို အတင်းမတိုက်တွန်းတော့ပါဘူး။ငါနဲ့ပြန်လိုက်ခဲ့လေနော်။ ငါ မင်းကို ဒီနှစ်ရက်လုံးလိုက်ရှာနေခဲ့ရတာ"

ချန်ယုသည် ရေခဲလို  အေးခဲနေသည့် အမွှေးများကို ပွတ်သပ်လိုက်​ပြီး အော်စကာ
အတွက် အလွန် စိတ်မကောင်းဖြစ်သွားရလေသည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now