Chapter-(26)

199 57 3
                                    

Unicode

ချန်ယုသည် လူတစ်ပိုင်းကြောင်တစ်ပိုင်းကောင်လေး ဘောလုံးတစ်လုံးကဲ့သို့ ပြောင်းလဲသွားသည်ကို ကြည့်နေမိသည်။

ချန်ယုသည် သူ၏လက်များကို ချုပ်ကိုင်ထားသည့်အတွက် သူ့တစ်ကိုယ်လုံးသည် ကမ္ဘာမြေဆွဲအား၏ ဆွဲဆန့်ခြင်းကို ခံရပြီး  လေထဲတွင် တဖျပ်ဖျပ် ပျံနေသလို နံရံပေါ်တွင် တွဲလောင်းကျနေသောကြောင့် ရှုမြောင်မြောင်သည်အလွန်မောပန်းလာရသည်။

"Meow"

ချန်ယု၏မျက်လုံးများသည်  မဲမှောင်သွားကာ စက္ကန့်အနည်းငယ်လောက် အံဩသွားပြီး  ရှည်‌မြောမြောဖြစ်နေသည့်ကြောင်လေးကို ခပ်လုံးလုံးပုံစံသို့ ပြောင်းချီလိုက်သည်။

လူတစ်ယောက်နှင့်ကြောင်တစ်ကြောင်၊ကြီးမားသောမျက်လုံးတစ်စုံနှင့်သေးငယ်
သောမျက်လုံးတစ်စုံတို့သည်တစ်ယောက်ကို တစ်ယောက် ထိုးဖောက်လုမတတ် စိုက်ကြည့်နေကြသည်။

"ဘာဖြစ်သွားတာလဲ"

ချန်ယုသည် သူ့လက်ထဲရှိကြောင်ငယ်လေးကို ပွတ်သပ်ကာ မေးလိုက်သည်။

"မင်းရဲ့နတ်ဆိုးစွမ်းအားတွေကုန်သွားပြီ
လား''

စကားပြောနေသည့်အချိန်တွင် ချန်ယုသည် သူကိုဖက်ထားပေးသော်လည်းကြောင်အဖြစ်သို့ပြန်ပြောင်းပြီးနောက် ချန်ယု၏အပြုအမှုများနှင့်အသံအနေအထားသည်လုံးဝမတူတော့ဘဲ အတိတ်ကလိုမျိုး နူးညံ့ချော့မော့
သည့်အသံမျိုးနှင့်သာပြောလာခဲ့သည်။

ရှုမြောင်မြောင်သည်  ခေါင်းကိုမြန်မြန်ညိတ်လိုက်ပြီး

"Meow"

အမျိုးသားနတ်ဘုရားက ငါ့ကို ပြန်ချစ်လာပြီ!။ငါ့ကို သွားခွင့်ပေးပါနော်!။

ချန်ယုသည် သူ၏ကြောက်လန့်နေသည့် ပုံစံလေးကြောင့် အလွန်ပျော်ရွင်ကာ ရယ်မောလိုက်သည်။

"ငါ မင်းကို ဆက်မမေးတော့ဘူးလို့ ထင်နေတာလား။ငါပြောနေတာကို မင်း နားလည်တယ်ဆိုတာကိုသိတယ်။အခု ဂိမ်းတစ်ခုလောက် ကစားရအောင်။"

ရှုမြောင်မြောင်သည် ရင်ထဲတွင် အလွန်ငိုကျွေးနေမိသည်။

ဝူးဝူး.....ကြောင်အဖြစ်ပြန်ပြောင်းသွားတာတောင် သူ့ကို တားမရဘူးလား။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now