Chapter-(16) Phoebe Cat 1

276 52 1
                                    

Unicode

နောက်တစ်နေ့မနက် ချန်ယု အပြင်သွားသည်နှင့် ရှုမြောင်မြောင်သည်
စာအိတ်နီgroupအတွင်းသို့ ပထမဆုံး
ဝင်ကြည့်လိုက်သည်။

ယခု ရက်ပိုင်းတွင် သူသည် စာအိတ်နီများကို မကြာခဏဖမ်းယူနေသည့်အတွက်
ရှုမြောင်မြောင်သည် group အတွင်းသို့ စာအိတ်နီခပ်ကြီးကြီးတစ်ခုပို့လိုက်သည်။ ထိုစာအိတ်နီအတွင်းတွင် love value 1000 ပါဝင်ပြီး ထုတ်ယူလို့ရသည့်ပမာဏကို အနည်းဆုံး 0မှ စတင်သတ်မှတ်ထား
​လေသည်။

ထိုသို့ အခမဲ့ဖမ်းယူရန်ပေးသည်ကို
ပထမဆုံး မြင်ဖူးသည် ဖြစ်ရာ
ကြောင်များအားလုံးသည် အလွန်အံ့သြ သွားတော့သည်။

[ထမင်းလုံးလေး]- ငါ love value 100 ရလိုက်တယ်။

[မီဂူး]- မီဂူးလည်း love value 30 ရတယ်။

[အခြေခံအုတ်မြစ်လေး]- Ah,အဲ့လိုစာအိတ်နီတွေရှိတယ်ပေါ့။

[ကျားလေးမီမီ]- Hahahaha ငါက 170တောင် ဖမ်းမိလိုက်တယ်။

[အနီရောင် မီးပုံ‌ကြီး]- ငါက love value 3ခုပဲရတယ်!။ ငါရဲ့‌ကြောင်စွမ်းရည်က အရမ်းဆိုးနေလို့လား။

[ စွမ်နီ ]- '' ..... ''

[ စွမ်နီ ]- ဒီဥက္ကဌက 0.8ဘဲရတယ်၊အဲ့မှာ 0.8ဆိုတဲ့ဂဏန်းတကယ်ရှိတယ်ပေါ့။

ရှုမြောင်မြောင်သည် ‌ဒေါသထွက်ကာ
တစ်ကိုယ်လုံး စိတ်ပျက်လက်ပျက် ဖြစ်နေ
သည့် group ခေါင်းဆောင်ကြိးကို ကြည့်ကာရယ်မောလိုက်သည်။

နောက်တစ်စက္ကန့်တွင် သူ၏ စာမျက်နှာပြင်‌ ပေါ်တွင် အမှား​ခြစ် လက္ခဏာတစ်ခု ပေါ်လာခဲ့သည်။

[သင်ကို groupခေါင်းဆောင်မှ 3နာရီ banလိုက်သည်။]

[စွမ်နီ ]- ခေါင်းဆောင်က ဒီကိစ္စကို ကြိုတင်
ကြံစည်မှုတစ်ခုလို့ ​မြင်မိ တယ်။
@အော်စကာ ကိုယ်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ။

ရှုမြောင်မြောင်- ဝူးဝူး...

လူအိုကြီး !!! ကိုယ်ဘာသာရအောင် မယူနိုင်ဘဲ ငါကိုလာ အပြစ်တင်နေတယ်။

ရှုမြောင်မြောင်သည် အမွှေးများထောင်လာသည့်အထိ ဒေါသထွက်ကာ
စိတ်ပျက်လက်ပျက်ဖြင့် groupအတွင်းမှ ထွက်လာလိုက်သည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now