Chapter-(9) Entering Hot Search

261 50 2
                                    

Unicode

နောက်တစ်နေ့ မနက်တွင် အတန်းတွင်းသို့ ကျောင်းသားများ ဝင်လာသောအခါ
ရှုမြောင်မြောင်ကို သတိထားမိသွားလေသည်။

'' ဒီမှာ ကြောင်လေးတစ်ကောင်ရှိနေတယ်''

အသံကြားလိုက်သည်နှင့် ရှုမြောင်မြောင်သည် အပူပေးစက်ဘေးတွင် အိပ်နေသည်မှ နိုးလာကာ သူ၏ နောက်ခြေထောက်များကိုဆန့်လိုက်ပြီး ခါးကို ဆန့်ကာ အကြောလျော့လိုက်လေသည်။

'' Meow~~''

'' Ah...ကြောင်လေးက အရမ်းလှပြီး အရမ်းချစ်ဖို့ကောင်းလွန်းတာပဲ။ အရမ်းစျေးကြီးတဲ့ကြောင်ဖြစ်မယ်ထင်တယ် ''

'' ငါသိတယ် အဲ့တာ ragdollကြောင်ပဲ။
အိုးမိုင်ဂေါ့... ငါသူ့ကို ခေါ်သွားချင်လိုက်တာဟယ် ''

'' အဆောင်မှူးအန်တီက စီစီရဲ့ယုန်ကို သိမ်းသွားတာ နင်မေ့သွားပြီလား။..''

'' သူ ဗိုက်ဆာနေတယ် ထင်တယ်''

ရှု​မြောင်မြောင်သည် ပါးစပ်ကို လျှာဖြင့် သပ်လိုက်ပြီး ဗိုက်ဆာနေသည်ဟု ဖော်ပြလိုက်သည်။

မိန်းကလေးများသည် သူတို့၏ မနက်စာများကို လက်ထဲတွင် ကိုင်ထားကြပြီး သူ
ဗိုက်ဆာနေသည်ကို မြင်သည်နှင်တစ်ပြိုင်နက် ဝက်အူချောင်းများနှင့် ပေါင်မုန့်များကို ဖဲ့ကာ ကျွေးကြလေသည်။

ထို့ပြင် ရှုမြောင်မြောင်တစ်လုတ်စားလိုက်သည်ကို မြင်တိုင်း ကြည်းနူးစွာ အော်ဟစ်နေကြပေသည်။

[ ယန်မင်ကျူး ထံမှ love value 150ရရှိခဲ့သည်။ ]

[တုန်းပင်း ထံမှ love value 150 ရရှိခဲ့သည်။]

[ရှိီရှောင်ရှောင်းထံမှာ love value 150 ရရှိခဲ့သည်။]

မိန်းကလေးများသည်း သေးငယ်သော တိရစ္ဆာန် လေးများကို ချစ်တတ်သည့် လှပသော နှလုံးသားရှိသူများဖြစ်ရာ မနက်စာ
စားနေသည့် အချိန်ခဏလေးတွင်းမှာပင်
ရှုမြောင်မြောင် သည် love value 3000ခန့်ရလိုက်လေသည်။ အတန်းတက်ခေါင်းလောင်းသာ မထိုးခဲ့လျှင် သူတို့သည် သူ့ဘေးမှ ထွက်သွားချင်စိတ် ရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ရှုမြောင်မြောင်သည် အစာစားရာတွင် အဆင်မပြေခဲ့ပါ။ လူတို့၏ အစားအစာများသည် ကြောင်များအတွက် အရသာ အလွန်ပြင်းလွန်းပေသည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now