Chapter-(2) Red envelope group

348 45 1
                                    

Unicode

ရှုမြောင်မြောင်သည် ကြောင်အော်သံကြောင့်ရုတ်တရက် ထိတ်လန့်သွားခဲ့ရ​ပြီး ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်ရင်း ချန်ယုရဲ့ရင်ခွင်ထဲတွင် တွန့်လိမ်ကာ "ဒီကြောင်သံက ဘယ်ကလာနေတာလဲ"ဟု မသေမချာ မရေမရာဖြင့်မေး လိုက်သည်။
သို့သော် ရှုမြောင်မြောင်သည် နူးညံသိမ်မွေ့‌တဲ့ "Meow Meow" ဆိုသည့် အသံသာ ကြားလိုက်ရပြီး ထိုအသံများသည် သူ့ပါးစပ်မှ ထွက်လာခြင်းပင်။

ချန်ယုက ခေါင်းငုံပြီး ပြုံးရွင်နေသည့်ပုံဖြင့်

"မင်းက ဘာလိုချင်လို့လဲ ငါ အခုမင်းကိုပွေ့ထားပေးနေတယ် အရမ်းဆူညံမနေနဲ့ ငါဒီအမှိုက်တွေကိုရှင်းပြီးသွားတဲ့အထိစောင့် ၊ ပြီးရင်မင်းကို ကြောင်စာကျွေးမယ်။"
ရှုမြောင်‌မြောင်ရဲ့မျက်လုံးတွေက ပုတ်ခတ်ပုတ်ခတ်ဖြစ်နေပြီး ချန်ယုပြော​နေသည်များကို သိပ်နားမလည်ပေ။

ချန်ယုက သူကိုမြေကြီးပေါ်တွင်ချပေးလိုက်သည်နှင့် ရှုမြောင်မြောင်သည် လျင်မြန်စွာထရပ်လိုက်ပြီး အမွှေးများထူထဲနေသည့် သူ၏ခြေထောက်များကို ကြည့်လိုက်သည်။အဲတာတွေက စုစုပေါင်းလေးခုတောင် ရှိတယ်!!!! သူထိုသို တွေးလိုက်သည်နှင့် သူ၏ခြေထောက်လေးချောင်းလုံးမှာစတင်လှုပ်ရှားနေပြီဖြစ်သည်။
ရှုမြောင်မြောင်သည် ခေါင်းကိုအံဩတကြီးမော့လိုက်ပြီး အဲ့ဒါတွေက သူ့ခြေထောက်‌အစစ်တွေ ဆိုတာ နားလည်လိုက်မိတော့သည်။
ရုတ်တရက် ကြောက်စရာကောင်းသည့် ထင်မြင်ချက်တစ်ခုက သူ့ခေါင်းထဲတွင်​​ပေါ်လာတော့သည်။သူ ထိတ်လန့်တကြားဖြင့်ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ရာ သူ၏မနီးမဝေးတွင် မှန်ပြတင်းပေါက်တစ်ချပ်ကို တွေ့လိုက်ရသည်။ထို့နောက် သူ့ပုံစံကို စစ်ဆေးရန်အထိုအရာဆီသို့ အလျင်စလို အပြေးသွားလိုက်သည်။ ပြတင်းပေါက်မှန်ပေါ်တွင်ရုပ်ပုံသေးသေးလေးတစ်ခုသည် ရောင်ပြန်ထပ်ဟပ်နေပြီး ထိုအကောင်ပေါက်လေးမှာ ချန်ယုရဲ့ profile ပုံရှိအကောင်ပေါက်လေးနှင့် တစ်ပုံစံထဲပေ။

ရှုမြောင်မြောင်ရဲ့မျက်လုံးတစ်စုံသည် မဲမှောင်သွားပြီး ထိတ်လန့်မှုနှင့်အတူအော်ဟစ်လာရသည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now