Chapter-(25)

228 64 7
                                    

Unicode

အသွင်ပြောင်းသည့်ဖြစ်စဉ်အတွင်းတွင်
ရှုမြောင်မြောင်သည် ယားယံမှုနှင့်အဆင်မပြေဖြစ်မှုကိုခံစားလိုက်ရပြီးသူ၏အမြင်အာရုံသည် တဖြည်းဖြည်းကြည်လင်လာသည်။

ယခုတစ်ခေါက် ရှုမြောင်မြောင် သုံးသည်ဆေးရည်သည် ​ဒေါက်တာမီ အသစ်ပြုပြင်ဖန်တီးထားသည်် version 2.0 ဖြစ်ပြီး တည်ငြိမ်သော လုပ်ဆောင်ချက်၊လိုက်လျော‌
ညီထွေစွာအတုခိုးနိုင်သည့်အစွမ်းနှင့်ချစ်စဖွယ်စွမ်းအားများပါရှိသည် ဟု ပြောထားလေသည်။

ရှုမြောင်မြောင်သည်ထိုဆေးရည်ကို ပထမဆုံးအကြိမ် သုံးဖူးခြင်းဖြစ်သောကြောင့် စူးစမ်းလိုသည့်စိတ်ဖြင့် တစ်ကိုယ်လုံးစစ်ဆေးကြည့်လိိုက်သောအခါ သူ့ခန္တာကိုယ်သည် တစ်ခုခု‌မှားယွင်းနေကြောင်းကို သတိထားမိသွားသည်။

ဘာလို့ သူ့မှာကြောင်လက်ဖဝါးတွေရှိနေသေးတာလဲ။

သူ၏ လက်နှစ်ဖက်သည် သေးသွယ်ပြီး လူ့အသားအရေကဲ့သို့ ချောမွတ်နေသော်လည်း ‌လက်ကောက်ဝတ်မှစ၍ အမွှေးများထူလာကာလက်ချောင်းရှည်များရှိသည့်လက်ဖဝါး
များဖြစ်နေရမည့်အစား ပန်းရောင်သန်းကာ နူးညံနေသည့်ကြောင်လက်ဖဝါးလေးများသာဖြစ်နေသည်။

ခြေထောက်သည်လည်း သာမန်လူခြေထောက်နှင့်တူသော်လည်း ခြေချင်းဝတ်မှစ၍ အမွှေးထူထူကြောင်ခြေဖဝါးများသာရှိတော့သည်။

ဘာလို့ ဒီလိုတွေဖြစ်နေရတာလဲ။

ရှုမြောင်မြောင်သည် စားပွဲခုံပေါ်မှထလိုက်
ကာသူ၏ နူးညံနီရဲနေသော ခြေဖဝါးလေးများကို ကော်ဇောပေါ်သို့ ချလိုက်သည်။

သူ့၏ခြေထောက်များသည် သူအမြင်မှားနေခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ်ကို ကြောင်ခြေဖဝါးများရှိနေလေသည်။

ရှုမြောင်မြောင် သေချာထရပ်လိုက်သည့်အချိန်တွင် သူ့နောက်ဘက်ရှိ လေးလံသော
အရာတစ်ခုကိုပါ ရုတ်တရက် ခံစားမိသွားသည်။‌

နောက်လှည့်ကြည့်လိုက်သောအခါ သူ့ခါးတွင် အလွန်ကြီးမားသည် အမွှေးထူအမြှီးတစ်ချောင်းသည် တွဲလျားကျနေပြီး သူ၏ ဖင်လုံးလုံးလေးမပေါ်အောင်ကာကွယ်ပေးထားသည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now