Chapter-(14) Mao live 2

292 58 3
                                    

Unicode

ပထမဆုံးတိုက်ရိုက်ထုတ်လွှင့်မှုသည် မိနစ်နှစ်ဆယ်ခန့် ကြာမြင့်ခဲ့ပြီး ချန်ယု ရုံးဆင်း
တော့မည့် အချိန်ကို မြင်လိုက်ရသောကြောင့် ရှုမြောင်မြောင်သည် liveကို ပိတ်လိုက်ပြီး ရှာဖွေမှုမှတ်တမ်းများကို အမြန်ဖျက်လိုက်သည်။ ထို့နောက် ကင်မရာကို မူလနေရာသို့ အစီအစဉ်တကျ ပြန်ထားလိုက်ကာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်သည်။

ချန်ယုသည် ယနေ့တွင် အနည်းငယ်အိမ်ပြန်နောက်ကျနေသောကြောင့် ရှုမြောင်မြောင်သည် အလွန် ဆာလောင်နေခဲ့ပြီး လောခ့်ဖွင့်သံကြားလိုက်သည်နှင့် ရှုမြောင်မြောင်သည် စိတ်အားထက်သန်စွာဖြင့် တံခါးဝကို
စိုက်ကြည့်နေလိုက်သည်။ သို့သော် အိမ်အတွင်းသို့ ဝင်လာသည်မှာ  လူတစ်ဝက်ခန့်မြင့်သည့် အညိုရောင်ဝက်ဝံရုပ်ကြီးသာဖြစ်လေသည်။

ချန်ယုသည် အရုပ်ကိုသယ်၍ အခန်းအတွင်းသို့ဝင်လာသောအခါ တံခါးဝတွင် ဝပ်တွားနေသော ရင်းနှီးသည့်ကြောင်တစ်ကောင်ကို တွေ့လိုက်ရသည်။

'' ငါ မင်းအတွက် လက်ဆောင်ယူလာတယ်မင်း အကြာကြီး စောင့်နေလိုက်ရသေးလား''

'' Meow...!'' ''လက်ဆောင်ပါလာတာလား ''

''ဘာလက်ဆောင်လဲ ....မင်းလက်ထဲက အရုပ်ကြီးမလား...''

ချန်ယုသည် ဝက်ဝံရုပ်ကို ဆိုဖာပေါ်တွင် ထားလိုက်ပြီး အော်စကာ၏ အိပ်ရာကိုတည့်တည့် မြင်ရသည်အထိ ဝက်ဝံရုပ်ခေါင်းကို ချိန်ဆလိုက်သည်။

Ummm? နတ်ဘုရားရေ မင်းဘာလုပ်နေတာလဲ မင်းက ငါနဲ့ အတူနေခိုင်းဖို့ အရုပ်တောင်ဝယ်လာတယ်ပေါ့...

'' အော်စကာ ဒီကိုလာ... ''

ချန်ယုသည် လက်ယမ်းကာ ​ခေါ်လိုက်သည်။

ရှုမြောင်မြောင်သည် catwalk စတိုင်ဖြင့် လျှောက်သွားလိုက်သောအခါ ချန်ယုသည် အိတ်အတွင်းမှ အဝိုင်းပုံ ပစ္စည်း တစ်ခုကို ထုတ်ယူလိုက်လေသည်။ ထိုအရာသည် အလွန်ထူးဆန်းပြီး တူနာငါးတစ်ကောင်ကိုယ့်အမြှီး ကို ကိုက်နေသည့် ပုံဖြစ်လေသည်။

ချန်ယုသည် ရှုမြောင်မြောင် မလှုပ်ရှားနိုင်အောင် ဂရုတစိုက် ကိုင်တွယ်ဖမ်းချုပ်လိုက်ပြီး ထိုအရာကို ရှုမြောင်မြောင်၏ လည်ပင်းပေါ်တွင် တပ်ဆင်ပေးလိုက်သည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now