Chapter-(22)

222 54 1
                                    

Unicode

အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်းမီဒီယာကြီး နှစ်ဖွဲ့နှင့် အွန်လိုင်းမီဒီယာအမြောက်‌အမြားဖြင့် ကျင်းပခဲ့ပြီး
ချောင်လင်ဖန်း၏အေးဂျင့်သည် တည်နေရာအတိအကျကိုပါ ပို့ပေးခဲ့သည်။ထိုနေရာသည် ချောင်လင်ဖန်း၏အနုပညာ သက်တမ်းတစ်လျှောက်လုံး သတင်းစာရှင်းလင်းပွဲ လုပ်သည့်နေရာဖြစ်သည်။

အပြင်အဆင်သည် ပြီးပြည့်စုံပြီးသားဖြစ်
သည့်အတွက် ချန်ယုယူလာရန်လိုအပ်သည့် တစ်ခုတည်းသောအရာမှာ အော်စကာသာ  ဖြစ်သည်။

လှောင်အိမ်မှ ထွက်လာသည်နှင့်တပြိုင်နက်
ရှုမြောင်မြောင်သည်ဆလိုက်မီးအလင်းရောင်ကို  ကြောက်လန့်နေပြီး ဗီဒီယိုထဲတွင် သိပ်တက်ကြွမနေပုံ မပေါ်ပေ။

သူသည် ထင်ရှားကျော်ကြားသည့် ရဟန်းတစ်ပါး ကျောက်တုံးတစ်တုံးကဲ့သို့ ဈာန်ဝင်သွားနေသည့်ပုံနှင့် တူနေပေသည်။

ချန်ယုသည် ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး ရှုမြောင်မြောင်ကို နှစ်သိမ့်လိုက်သည်။

ထို့နောက် ချန်ယုသည် ဆလိုက်မီးဖွင့် ဓာတ်ပုံရိုက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်လိုက်သည်။

ချန်ယုသည် စိတ်ထားကောင်းပြီး ယဉ်ကျေး
သော်လည်းသူသည် လူအများနှင့် ဆက်ဆံသောအခါ အလွန်စည်းကမ်းတင်းကျပ်ပြီး သူ၏EQမှာလည်း အလွန်မြင့်မားပေသည်။

အစပိုင်းတွင် သတင်းထောက်များသည် သိပ္ပံပညာကို ထဲထဲဝင်ဝင်လေ့လာသူများအဖြစ် ဟန်ဆောင်ကာ  အော်စကာ၏
လျို့ဝှက်ချက်ကို တူးဖော်ချင်ကြသော်လည်း ချန်ယုသည် စကားဝိုင်းကို တိရစ္ဆာန်ပြန်လည်ထူထောင်ရေး စင်တာအား ကြေညာခြင်းဆီသို့ ခေါင်းစဉ်လွှဲလိုက်လေသည်။

အွန်လိုင်းမီဒီယာများ၏အဓိကရည်ရွယ်ချက်
သည် ချစ်စဖွယ်အကောင်လေးအကြောင်းဖြစ်သော်လည်း ချန်ယု၏တိရစ္ဆာန်
စိတ်ကျန်းမာရေးအပေါ်ထားသည့် သဘောထားများ ကို စိတ်ဝင်စားလာကြပြီးဆွေးနွေးမှုများ ပြုလုပ်လာကြသည်။

လူထု၏အာရုံစိုက်မှုကို မှန်းထားခဲ့သည့်အတိုင်းအောင်မြင်စွာလွှဲပြောင်းနိုင်လိုက်​ပြီး ပွဲ ပြီးခါနီးတွင် ရှုမြောင်မြောင်သည် ပုံအနည်းငယ်သာ ဓာတ်ပုံရိုက်ကူးလိုက်ရပြီး အင်တာဗျူးမှာလည်း ပြီးဆုံးသွားလေသည်။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now