Chapter-(24)

247 64 8
                                    

Unicode

ရှုမြောင်မြောင်၏ပန်းသီးငယ်လေးသီချင်းကကွက်သည် မြို့တော်Bရှိ တိရစ္ဆာန်အသိုင်းအဝိုင်းတစ်ခုလုံးကိုကို အကသမားအဖြစ် ပြောင်းလဲလိုက်​နိုင်သည်။

လူထုသည် မြေအောက်ရထားလမ်းသစ်များ ပြုပြင်ပြောင်းလဲခြင်း၊ဘတ်စကားခရီးစဉ်များ ပြောင်းလဲခြင်းသတင်းများကိုပင်
ဂရုမစိုက်တော့ပေ။

ရှုမြောင်မြောင်၏အုပ်စုလိုက်အကဗီဒီယိုကို ကြည့်ရှုပြီးသော တိရစ္ဆာန်ချစ်သူများသည်
ရှုမြောင်မြောင်ကို ကိုယ်တိုင်လာတွေ့ချင်နေကြသည်။

ထိုအရာသည် အံဩစရာမဟုတ်ပေ။

မြို့တော် Sရှိ ကြယ်တစ်ပွင့် စားသောက်ဆိုင်သည်ပင် ပန်းသီးငယ်လေး သီချင်း အခမဲ့ကြည့်ရှု့နိုင်ကြောင်း ကြေငြာလိုက်သည့်နှင့် တစ်နှစ်ခွဲစာ ဘိုကင်များ အပြည့်ဖြစ်သွားလေသည်။

ထို့ကြောင့် ရှုမြောင်မြောင်သည် ပရိသတ်မြောက်များစွာ ရရှိခဲ့လေသည်။

ထိုကြောင်လေးသည် သူ စိတ်ပျော်ရွင်နေလျှင် ကပြဖျော်ဖြေပေးမည်​ဖြစ်ပြီး သူ၏
ရွှေစိတ်တော်လေး ညိုးနေခဲလျှင် သို့မဟုတ် ပင်ပန်းနေခဲ့လျှင် ထိုင်ခုံပေါ်တွင်သာ အနားယူလှဲလျောင်းနေမည်ဖြစ်သည်။

သို့သော် ထိုအရာကိုပင် ပရိသတ်များသည် အလွန်ကျေနပ်ကြပြီး ရှုမြောင်မြောင်ကို ကြည့်ရှုရန် ခဏခဏပြန်လာကြလေသည်။

သူ့အပေါ်ထားသည့် ထိုသူများ၏ချစ်ခင်အား​
ပေးမှုသည် ထာဝရတည်မြဲသွားမည် ဖြစ်ပြီး တစ်ပတ်အတွင်မှာပင် ရှုမြောင်မြောင်သည် love value 3သန်းကို ရရှိခဲ့လေသည်။ ထိုပမာဏသည် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ရသည့် ပမာဏထက်အဆပေါင်းများစွာ ပိုများလေသည်။ထိုသို့ love value အဆမတန်များလာရခြင်းသည် စွဲလမ်းလွန်သည့်
ပရိသတ်များကြောင့် ဖြစ်သည်။

သူတို့များသည် သူ၏ ဗီဒီယိုကို သုံး လေးခါလောက် ခဏခဏ ကြည့်ရှုသောကြောင့် ထိုlove valueများသည် ရှုမြောင်မြောင်၏ ပင်တိုင် ရပေါက်ဖြစ်လာသည်။

တစ်ပတ်ကျော်ကြာသည်အထိ
ရှုမြောင်မြောင်၏နာမည်ကြီးမှုသည် မရပ်
တန့်သွားပေ။

စာအိတ်နီအုပ်စုနှင့်ကြောင်လေးWhere stories live. Discover now