Special Extra 4

6.9K 512 37
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                           (၄)    

မနက်ခင်းပိုင်းကြီးပင်ရှိသေး မှတ်ကြီးတို့လေးယောက်အုပ်စု သစ်စိုင်းအိမ်သို့ရောက်နေကြပြီဖြစ်သည်။

"မင်းအခုလိုပြန်သတိရသွားတာ ငါတို့ဝမ်းသာပါတယ်သူငယ်ချင်းရာ"

"အေးနွားကြီးပြောတာဟုတ်တယ် ငါတို့ကမင်းသတိပြန်မရတော့ဘူးထင်နေတာ"

"မင်းတို့ကလည်းကွာ ရုက္ခစိုးကြီးကငါတို့နှစ်ယောက်ကိုဒီလိုလုပ်တယ်ဆိုကတည်းက ငါတို့အချစ်ကိုစမ်းသပ်ချင်လို့နေမှာပေါ့ ဒါပေမယ့်ငါ့အချစ်ကနိုင်တော့ငါအရင်သတိရသွားပြီလေ"

သစ်စိုင်းပြောသည့်စကားကိုအားလုံးကခေါင်းညိတ်လက်ခံကြသည်။

"အဓိက ကတော့တောရိုင်းကိုသတိပြန်ရလာအောင်လုပ်ပေးဖို့ပဲ မင်းတို့မှာရောဒါနဲ့ပက်သတ်ပြီးဘယ်လိုအကြံရှိလဲ"

သစ်စိုင်းမေးလိုက်တော့ ငဖြိုးတစ်ယောက်ဝင်၍ဖြေလာသည်။

"ငါရုပ်ရှင်ကားတွေထဲမှာကြည့်ဖူးတာတော့... ခေါင်းပေါ်ကိုကွာတစ်ခုခုပြုတ်ကျတာပဲဖြစ်ဖြစ် ခေါင်းကိုရိုက်လိုက်တာပဲဖြစ်ဖြစ် အဲ့လိုဆိုရမယ်ထင်တယ်"

"အေးဟုတ်တယ် ငါတို့တောရိုင်းကိုချောင်းရိုက်ကြမလား"

ငနောင်မေးလိုက်တော့ သူတို့အကုန်ခေါင်းညိတ်ကြပြီး ဒီအစီအစဉ်ကိုလုပ်ဖို့ဆုံးဖြတ်လိုက်ကြသည်။သူတို့ငါးယောက်လည်း ကွပ်ပျစ်ပေါ်မှအမြန်ဆုံးထကာ ကုတ်ချောင်းချောင်းဖြင့် ဟိုဘက်ဝိုင်းသို့အသားလေးသွားလိုက်သည်။

"ဟျောင့်တွေ အသံမထွက်စေနဲ့"

သစ်စိုင်းကဦးဆောင်ပြီး ဝိုင်းအရှေ့မှအိမ်ထဲသို့ သူတို့အုပ်စုလှမ်း၍ကြည့်သည်။အရီးခင်စိန်တစ်ယောက် ကန်စွန်းရွက်ခြွေနေတာတွေ့ရပြီး တောရိုင်းကိုတော့မတွေ့ရချေ။သူတို့လည်း အခြေနေဟန်သဖြင့်....

"လာလာဟျောင့်တွေ"

ဆိုကာဝိုင်းထဲသို့ ငါးယောက်စလုံးဝင်သွားသည်။ဝိုင်းထဲရောက်တော့ အိမ်ပေါ်ထပ်ရှိအရီးခင်စိန်ကို လှမ်း၍ခေါ်ကာ..

"စိန်လိုက်လေ"(Complete)Dove le storie prendono vita. Scoprilo ora