အခန်း(၄)U/Z

25.7K 2.1K 595
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုက်မှုသာဖြစ်သည်။

                                    (၄)

တောရိုင်းလည်းသစ်စိုင်းတို့သီချင်းဆိုနေသည်ကိုမြင်သွားပြီးထိုနေရာတွင်ထိုင်ချလိုက်တော့သည်။ဂျုံပင်ကိုအကွယ်ပြုကာဂျုံပင်ကြားထဲမှဖြဲပြီးသစ်စိုင်းတို့ကိုကြည့်နေသည်။မလုံမှန်းသိသော်လည်းသစ်စိုင်းတို့ကက်ိုယ့်အာရုံနဲ့မို့တောရိုင်းကိုမမြင်ကြချေ။ထိုအချိန်တောရိုင်း၏ကျောကုန်းသို့လာပုတ်သောလက်တစ်ဖက်ကြောင့်သူလည်းအနောက်ကိုလှည့်ကြည့်မိလိုက်သည်။ထိုလူကတော့မည်သူမျှမဟုတ်မှတ်ကြီးနဲ့နွားကြီးပင်ဖြစ်၏။

"ဟျောင့်..တောရိုင်းဒီမှာကုန်းကုန်းကွကွနဲ့ဘာတွေချောင်းနေတာတုန်း"

မှတ်ကြီး၏ကျယ်လောင်သောအသံကြောင့်တောရိုင်းတစ်ယောက်..

"ရှူးးးတိုးတိုးနေစမ်းပါကွာ..ဟိုမှာတွေ့လားသစ်စိုင်းတို့အဖွဲ့"

တောရိုင်းလက်ညှိုးထိုးပြလိုက်တော့မှတ်ကြီးရောနွားကြီးပါသူ့ဘေးသို့ဝင်ထိုင်ချလိုက်သည်။

"ဒါနဲ့မင်းတို့နှစ်ကောင်ဘာလာလုပ်တာလဲ"

"ငါတို့နှစ်ယောက်ကအရှေ့ပိုင်းမှာဖဲသွားရိုက်တာ..အပြန်မင်းကိုဒီမှာတွေ့လို့လှမ်းခေါ်လိုက်တာလေ"

တောရိုင်းလည်းခေါင်းညိတ်ပြပြီးသီချင်းဆိုတာကိုဆက်ကြည့်နေတော့သည်။ပြီးနောက်သူတို့နှစ်ယောက်ပါချောင်းကြည့်ကာ..

"ဟျောင့်..တောရိုင်း မင်းညီမသူဇာကတော်တော်လှတယ်နော် အသံလေးကလည်းချိုနေတာပဲ"

နွားကြီးစကားကြောင့်တောရိုင်းမျက်ခုံးစုကျုံ့သွားကာသူ့ခေါင်းသို့အားပါပါနှင့်ခေါက်ပစ်လိုက်၏။

"ဒီမှာ..မင်းတို့နှစ်ကောင်လုံးငါ့ညီမကိုရမယ်မကြံနဲ့ကိုယ့်ရုပ်တွေကိုလည်းကိုယ်ပြန်ကြည့်ကြအုံး"

"အမယ်..ငါတို့ရုပ်ကဘာဖြစ်နေလို့တုန်း..ဒီလောက်ချောတဲ့မျက်နှာတွေကို"

"စိန်လိုက်လေ"(Complete)Where stories live. Discover now