အခန်း(၁၇)U/Z

21K 1.8K 308
                                    

မှတ်ချက်။  ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                                       (၁၇)

"ငါချစ်တာနင့်ညီမသူဇာ့ကို"

"ဟမ် ဟဲ့နင်ဘာပြောလိုက်တယ်ပြန်ပြောစမ်း"

"ဟာ ငါချစ်တာနင့်ကိုမဟုတ်ဘူးနင့်ညီမကိုပါဆို"

"ဘုရားဘုရား လောကကြီးကဘာတွေဖြစ်ကုန်တာလဲ"

"လောကကြီးကဘာမှမဖြစ်ဘူးသူ့ဘာသာသူနေတာ ဖြစ်နေတာကနင်လေ "

တောရိုင်းလည်းယဥ်နွယ့်၏ မျက်နှာကိုခပ်ပြတ်ပြတ်စိုက်ကြည့်ရင်း...

"ဒါဆိုအရင်ကငါ့ကိုဂရုစိုက်ပေးခဲ့တာတွေကရော ငါ့အတွက်ပါဆိုပြီးအင်္ကျီတွေမုန့်တွေဝယ်လာပေးတွေကရော ဘာတွေလဲ"

"သြော်ဒါလား ညီမကိုလိုချင်တော့လည်းအကို ကိုဖားတာလေ နင်လိုချင်သေးရင်ငါထပ်ပေးမယ်နော်"

"တော်စမ်းပါ နင်ကငါ့ကိုတံတားတစ်ခုအဖြစ်သက်မှတ်နေတာပဲဟိုဘက်ကမ်းကိုရောက်ချင်လွန်းလို့ငါ့ကိုအစားထိုးလိုက်တာမှတ်လား"

"မဟုတ်ပါဘူးတောရိုင်းရယ် ငါပေးတယ်ဆိုတာကလည်းစေတနာသန့်သန့်နဲ့ပါ ပြီးတော့သူဇာ့ကိုလည်းရင်ထဲကမြတ်မြတ်နိုးနိုးချစ်တာပါဟာ"

"မသိဘူးဟာ နင်ငါ့ညီမကိုချစ်ရင်သူ့ကိုသွားပြောလေငါ့ဘာလို့လာပြောနေတာလဲ"

"သြော် ငါမှမပြောရဲတာ "

"တော်ပြီငါပြန်မယ် နင့်ရဲ့အရည်မရအဖတ်မရစကားတွေမကြားချင်ဘူး ငါ့ကိုပြန်ပို့"

"ကောင်းပါပြီရှင် လာဆိုင်ကယ်ပေါ်တက်"

ယဥ်နွယ်နှင့်တောရိုင်းတို့နှစ်ယောက်စလုံးလည်းဆိုင်ကယ်ကိုခွကာ တောရိုင်း၏အိမ်သို့ပင်တန်းပြန်ခဲ့သည်။ဝိုင်းထဲရောက်တော့ကွပ်ပျစ်နားတွင် သူဇာတစ်ယောက်မတ်တပ်ရပ်ကာ တောရိုင်းတို့ကိုစောင့်နေ၏။ဆိုင်ကယ်လေးလည်းရပ်ပြီး တောရိုင်းတစ်​ယောက်ထိုပေါ်မှဆင်းကာ သူ့ဇာ့ဘေးနားသွားရပ်လိုက်သည်။

"ဟဲ့နင်ပြန်တော့"

ဆိုင်ကယ်ပေါ်ကဆင်းပြီးပြီးချင်း မာထန်သောစကားလုံးများနှင့် ယဥ်နွယ့်ကိုမောင်းထုတ်တော့သည်။

"စိန်လိုက်လေ"(Complete)Where stories live. Discover now