အခန်း(၁၂) U/Z

20.8K 1.8K 536
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

(၁၂)

ဘုန်းကြီးကျောင်းတွင် အလှူကိစ္စအားလုံးပြီးစီးသွားတော့ တောရိုင်းနှင့်သစ်စိုင်းတို့နှစ်ယောက် ယဥ်နွယ်ပေးထားသောစာရွက်လေးကိုကိုင်ကာ ဇာတ်လမ်းအစအဆုံးဖတ်နေတော့သည်။တောရိုင်းကတော့ကျောင်းဝန်းရှိ ခရေပင်အောက်ကကွပ်ပျစ်ပေါ်တွင်ရှိပြီး သစ်စိုင်းကတော့ဘုန်းကြီးကျောင်းလှေကားထစ်ပေါ်တွင် ထိုင်နေတော့သည်။ထိုအချိန်ငဖြိုးနှင့်ငနောင်တို့နှစ်ယောက် သစ်စိုင်းရှိရာလှေကားထစ်နားသို့ရောက်ရှိလို့လာသည်။

"ဟျောင့်မင်းဇာတ်လမ်းဖတ်နေတာလား"

ငဖြိုးစကားကြောင့် ဇာတ်လမ်းဖတ်နေသောသစ်စိုင်းတစ်ယောက် ငဖြိုးတို့နှစ်ယောက်ကိုမော့ကြည့်လိုက်သည်။

"မင်းတ်ို့လည်းဒီကိစ္စကိုသိနေတာလား"

"အေးသိတယ်လေ ဒီနေ့မနက်ကလေးတင်ပဲယဥ်နွယ်လာပြောသွားတာ ငါတို့နှစ်ကောင်တောင်အဲ့ဇာတ်ထဲမှာဝင်ကရမှာ"

"ဘာ...မင်းတို့တောင်ကြိုသိပြီးငါကမသိရပါလား အခုအချိန်ကလည်းနီးနေပြီဘယ်လိုလုပ်မလဲ"

"ဘာမှစိတ်မပူပါနဲ့ကွာ အဲ့ဇာတ်ကိုလူတွေအကုန်လုံးရင်းနှီးပြီးသားပါဇာတ်လမ်းမဖတ်ဘဲနဲ့တောင်အလွှတ်ရတယ် ပြီးတော့အနောက်ကဇာတ်လမ်းကိုပြောမဲ့လူလည်းရှိတော့အားလုံးအဆင်ပြေနေတာပဲလေကွာ"
ငနောင့်စကားကြောင့် သစ်စိုင်းတစ်ယောက်ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်သည်။

"ဒါနဲ့..မင်းတို့နှစ်ကောင်ဇာတ်သိမ်းခန်းကိုကြည့်ဦး ဒါလွဲနေတယ်နော် ဒါလုံးဝမဖြစ်သင့်တဲ့ဟာကြီး"

"အဲ့တာတော့ငါလည်းမသိဘူး ဒါတွေအကုန်ယဥ်နွယ်စီစဥ်တာသူ့သွားပြော"

ငဖြိုးပြောလိုက်တာကြောင့် သစ်စိုင်းတစ်ယောက်ပြန်၍ငြိမ်ကြသွားသည်။

"ကောင်းပြီလေငါလည်းအကောင်းဆုံးကမှာပါ"

သစ်စိုင်းလည်းပြန်ပြီးဇာတ်လမ်းကိုဖတ်နေတော့၏။ထိုအချိန်အုပ်ကြီးတို့အိမ်တွင်.....

"စိန်လိုက်လေ"(Complete)Where stories live. Discover now