အခန်း(၁၅)U/Z

20.8K 1.8K 336
                                    

မှတ်ချက်။  ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                                  (၁၅)

"ဟာ အမေအမေပန်းတွေကိုမခူးနဲ့လေ"

အိမ်ပေါ်ထပ်မှဝရုန်းသုန်းကားဖြင့် ပြေးဆင်းလာသောတောရိုင်းတစ်ယောက် စံပယ်ပန်းခူးနေသောအရီးခင်စိန်းအား လှမ်းအော်၍ပြောလိုက်သည်။

"အမလေးတော် ဒီစံပယ်ပန်းခူးတာပဲဘာဖြစ်တုန်း"

"ဟာအမေကလည်း ပန်းကဒီတိုင်းသူ့အပင်နဲ့သူရှိနေတာသွားမဖျက်ဆီးပါနဲ့ထားလိုက်ပါဗျာ"

"သြော် ငါပန်ချင်လို့ငါခူးတာလေ နင့်အမေ့ကိုတောင်မသဒ္ဒါဘူးလားတောရိုင်းရဲ့"

တောရိုင်းတစ်ယောက်လည်းခေါင်းကိုကုတ်ကာ..

"မသဒ္ဒါတာမဟုတ်ပါဘူးအမေရ ကျုပ်ကပန်းတွေကိုချစ်လို့ပါ ပြီးတော့ကျုပ်ရဲ့ပန်းတွေကိုကျုပ်တောင်မထိရက်လို့ဒီတိုင်းထားထားတာပါဗျာ အမေပန်ချင်တယ်ဆိုအရှေ့အိမ်ကကိုချက်ကြီးတို့အိမ်မှာကျုပ်ကိုယ်တိုင်သွားခူးပေးပါ့မယ်"

"တော်စမ်းပါအေ ရော့ရော့နင့်ပန်းတွေပြန်ယူ အမေခူးတာပဲသေသွားမှကြလို့"

အရီးခင်စိန်လည်း တောရိုင်း၏လက်ကိုဆွဲကိုင်ကာ လက်ဖဝါးထဲသို့ စံပယ်ပန်း၃ပွင့်ထည့်ပေးလိုပ်သည်။

"ဟယ် သားကိုယ်တွေပူနေတာလား"

တောရိုင်း၏နဖူးသို့အရီးခင်စိန်၏လက်ဖဝါးဖြင့်သေချာစမ်းကြည့်လိုက်သည်။

"ဟုတ်ပါ့တော် ကိုယ်တွေပူနေတာပဲ ဆေးရောသောက်ပြီးပြီလား"

"ပါရာတစ်လုံးသောက်ထားပါတယ်ဗျချွေးထွက်ရင်သက်သာသွားမှာပါ"

"လေစိမ်းတွေတိုက်မခံနဲ့အိပ်ခန်းထဲစောင်ခြုံပြီးနေ ညနေထိမကောင်းသေးရင်တော့ဟိုဘက်ရွာကဆရာဝန်ဆီသွားပြရမယ်"

"ဟုတ်ကဲ့ပါဗျာ ကျုပ်ကိုစိတ်မပူပါနဲ့အမေရ"

အရီးခင်စိန်လည်း အိမ်ပေါ်ထပ်ရှိသူဇာအားလှမ်းခေါ်တော့သည်။

"စိန်လိုက်လေ"(Complete)Where stories live. Discover now