မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။
(၂၈)
တိမ်များကင်းစင်ပြီး နေသာသောနေ့ခင်းဘက်တွင် ကဲကဲနှင့်သဲသဲတို့နှစ်ယောက် သူတို့ဆိုင်တွင်ငိုင်တိုင်တိုင်ဖြင့်ထိုင်နေကြ၏။
"ကောင်မရယ် ဒီနေ့လူပါးလိုက်တာနော် ဆံပင်မညှပ်လည်းတစ်ခြားအမွှေးလာရိတ်ပေါ့ဟယ်"
"ဟဲ့သဲသဲ ဘယ်အမွှေးတုန်း ကောင်မနော်ညည်းရှင်းရှင်းပြော"
"သြော် ဆံပင်မညှပ်လည်းနှုတ်ခမ်းမွှေးတို့ဘာတို့ပြောတာပါ"
"အေးအဲ့လိုပြော"
ကဲကဲနှင့်သဲသဲတို့စကားပြောနေတဲ့အချိန်တွင် သူတို့၏ဆိုင်အရှေ့သို့ဆိုင်ကယ်တစ်စီးဖြင့် တောရိုင်းရောက်ချလာသည်။ပြီးနောက်ဆိုင်ထဲကိုဝင်ရင်းကဲကဲနှင့်သဲသဲအား နှုတ်ဆက်လိုက်၏။
"ဟေးး"
"ဟာ..ကိုကိုရိုင်း ဘာလာလုပ်တာလဲ တို့ကိုသတိရလို့လား"
ကဲကဲ၏စကားကြောင့် သူ၏ပုခုံးသို့သဲသဲခပ်နာနာရိုက်ချပစ်လိုက်သည်။
"ဟဲ့ ဆံပင်ညှပ်ဆိုင်လာမှတော့ဆံပင်ညှပ်မလို့ပေါ့ ညည်းကိုသတိရစရာလား ဟုတ်တယ်နော်ကိုကိုရိုင်း"
တောရိုင်းလည်းပြုံးရင်းပြန်ဖြေသည်။
"ဟုတ်တယ် ကျုပ်ဆံပင်ညှပ်မလို့ဗျ ဆံပင်တွေရှည်နေတော့သိပ်မနေတတ်ဘူး"
"ကောင်းပါပြီတော် လာဒီမှာထိုင်"
ကဲကဲညွှန်ပြရာခုံပေါ်သို့ တောရိုင်းထိုင်လိုက်တော့ အရှေ့ရှိမှန်နှင့်တောရိုင်းမျက်နှာနှင့်ကတိုက်ရိုက်ကြသွားသည်။
"ဟွန့် တို့ဖြင့်ဒီသတင်းကြီးကိုယုံကိုမယုံနိုင်ဘူးသိလား "
"ဒီလိုပဲပေါ့ဗျာ အချစ်ကမျက်စိကန်းစေတယ်တဲ့"
"ဟယ် အဲ့ဒါဆိုဘာလို့တို့ကိုပြန်မကြိုက်တာလဲ မျက်စိမှိတ်ပြီးချစ်ပစ်လိုက်လေ ကိုကိုရိုင်းရဲ့"
YOU ARE READING
"စိန်လိုက်လေ"(Complete)