အခန်း(၁၆)U/Z

20K 1.7K 304
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

(၁၆)

"မင်းတို့နဲ့လောင်းထားတဲ့ပွဲမှာငါရှုံးသွားတယ်ကွ"

"ဟင်ဘာလို့တုန်း"

"ငါသူ့ကိုချစ်မိနေပြီထင်တယ်"

"ဘာ!!"

တောရိုင်း၏စကားကြောင့် မှတ်ကြီးနှင့်နွားကြီးတို့နှစ်ယောက်သား မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားဖြစ်ကုန်ကြ၏။ထိုအချိန်မှတ်ကြီးတစ်ယောက်က..

"မင်း မင်းငါတို့ကိုနောက်နေတာမလား မနောက်စမ်းပါနဲ့ကွာ ဒါမျိုးကနောက်စရာမဟုတ်ဘူးနော်"

"အေးလေတောရိုင်းရာ မင်းသူ့ကိုမလိုက်ချင်လည်းရတယ်ကိစ္စမရှိဘူး ဒါပေမယ့်မင်းဒီလိုမနောက်သင့်ဘူးကွ"

မှတ်ကြီးတို့၏စကားကြောင့် တောရိုင်းလည်းသူတို့၏ခေါင်းအား တစ်ယောက်တစ်ချက်ဖြင့်ခပ်နာနာခေါက်လိုက်တော့သည်။

"ဂေါက် ဂေါက်!!"

"မင်းတို့နှစ်ကောင်လုံးပါးစပ်ပိတ်ထားကြစမ်း မင်းတို့ထင်ရာမြင်ရာဆွေဇွတ်ပြောမနေနဲ့ကွ ငါနောက်နေတာမဟုတ်ဘူးအတည် အတည်"

"ဘာအတည်ဟုတ်လား!!"

မှတ်ကြီးတို့နှစ်ယောက်လည်း သူတို့၏အသံကို ထပ်တူညီအောင်ပြိုင်တူရွတ်လိုက်သည်။

"အေးဟုတ်တယ် ဒီကိစ္စကိုဘယ်သူ့ကိုမှသွားမပြောနဲ့နော်ကြားလား"

"အေးပါကွာ ငါတို့တွေဘယ်သူ့ကိုမှလျှောက်မပြောပါဘူး"

သူတို့သုံးယောက်စလုံး၏ စကားပြောနေခြင်းသည်ခေတ္တခဏတိတ်ဆိတ်သွားပြီး အခန်းဝတွင်ရှိသောသူဇာအား လှမ်းကြည့်ပစ်လိုက်ကြသည်။

"ဟဲ့သူဇာ"

"ရှင် ကိုကြီး"

"ညည်းဘာတွေကြားသွားသေးလဲ"

"ဘာမှမကြားပါဘူးကိုကြီးရဲ့ သူ့ကိုချစ်နေမိပြီဆိုလား အဲ့တာပဲကြားတာပါ"

သူဇာ့၏စကားကြောင့် ထိုင်နေသောတောရိုင်းတစ်ယောက် ရုတ်တရက်ထရပ်လိုက်ပြီး သူဇာ့ဘေးသို့သွားတော့သည်။

"စိန်လိုက်လေ"(Complete)Where stories live. Discover now