အခန်း(၂)U/Z

39K 2.7K 314
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင့်အရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်၏။

                                    (၂)

"ကဲငါ့လက်ကလွတ်အောင်ပြေးဦးလေ"

တောရိုင်းတစ်ယောက်သစ်စိုင်းခါးသို့ ကျစ်နေအောင်ဖက်ထားသည်။ဒါက်ိုလည်းသစ်စိုင်းလုံးဝမကြိုက်ပေ။သစ်စိုင်းလည်းတောရိုင်းကိုအနီးကပ်ကြည့်လိုက်ပြီး စိတ်ထဲတွင်တော့..

*ကာလသားတွေထဲမှာဒီကောင်ချောတယ်လို့ပြောရမယ်ဒါပေမယ့်ကျုပ်လောက်တော့ဘယ်ဟုတ်မလဲဗျာ။မထူမပါးမျက်ခုံတန်းရှိပြီးစွန်ရဲလိုမျက်ဝန်းမျိုးဗျ။ပါးရိုးကနည်းနည်းကားပြီးနှာတံကလည်းစင်းဖြောင့်နေတာပဲ။ကျုပ်နဲ့တွေ့ရင်တော့အဲ့ကောင်နှုတ်ခမ်းကလုံးဝမရယ်မပြုံးတာဗျာ။အမှန်အတိုင်းပြောရမယ်ဆိုရင်အဲ့ကောင်ရယ်တာကိုကျုပ်သေချာမတွေဖူးသေးဘူးဗျ။တစ်ခါတလေအဲ့ကောင်အင်္ကျီချွတ်ပြီးပန်းခင်းထဲရေလောင်းချိန်ဆိုကျုပ်လှမ်းတော့ကြည့်မိသား။ဗလကခပ်တောင့်တောင့်ဗျဗိုက်မှာလဲကြွက်သားအပြည့်နဲ့ပြောရရင်အပျိုတွေအကြိုက်ပေါ့ဗျာ*

သစ်စိုင်းလည်းအတွေးဖျက်ပစ်ပြီး တောရိုင်းခြေထောက်သို့အားပါပါနှင့်တက်နင်းချလိုက်တော့သည်။

"အားးးးနာလိုက်တာကွာ"

​တောရိုင်း၏လက်မှသစ်စိုင်းလွတ်တာနှင့် တစ်ပြိုင်နက်အနောက်ကိုလှည့်မကြည့်တော့ဘဲ အရှိန်ပါပါနှင့်ပြေးတော့သည်။ဒါပေမယ့်လည်းအနောက်မှလှမ်းအော်သော တောရိုင်း၏အသံကြောင့်ပြေးနေသော ခြေထောက်ကိုအရှိန်သတ်လိုက်၏။

"မင်းခွဲသွားတဲ့အိုးကဘွားမေကြည်အိုးကွ မင်းဒီလိုလွယ်လွယ်မပြေးနဲ့အမှားလုပ်ထားရင်ပြန်တောင်းပန်သင့်တယ်လေ"
တောရိုင်းပြောတာလည်းမှန်ပါသည်။ထို့ကြောင့်သစ်စိုင်းတစ်ယောက်လည်း ပြေးသောခြေထောက်များကိုရပ်တန့်လိုက်ပြီး အနောက်သို့ပြန်လျှောက်လာသည်။

"စိန်လိုက်လေ"(Complete)Where stories live. Discover now