ဇာတ်သိမ်းပိုင်း U/Z

26.5K 1.6K 437
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

(၃၂)

"ဟဲ့ သူဇာအာလူးတွေကိုသေးသေးလှီးပါတော် ညည်းဟာကလူကိုတောင်ဖိသတ်လို့ရနေပြီ"

"သြော်အမေကလည်း သေးသေးဆိုရင်အားလူးတွေပျော်ကုန်မှာပေါ့"

"ညည်းအမေလားကျုပ်အမေလားအေ သေးသေးလှီးဆိုလှီးပေါ့ သေးသေးလှီးတော့များများရတယ် တစ်ရွာလုံးက်ိုကျွေးရမှာသိရဲ့လား"

"သိပါ့တော်သိပါ့ အမေပြောသလိုလှီးလိုက်ပါ့မယ်"

"အေးအေး"

လူတွေ၏စကားတတွတ်တွတ်ပြောနေသော အသံ၊ကြက်သွန်နှင့်အသီးအရွက်များက်ို အပိုင်းပိုင်းဖြတ်နေသည့်အသံ၊ရှုးရှူးရှဲရှဲနှင့်ငံပြာရည်ကြော်သံတို့သည် ထိုဝိုင်းနှစ်ဝိုင်းထဲတွင်ဆူညံလို့နေကြ၏။တောရိုင်းတို့ဝိုင်းထဲတွင် ဝက်သားနှင့်သီးစုံပဲကုလားဟင်းကို ချက်နေကြပြီးသစ်စိုင်းတို့ဝိုင်းထဲတွင် ကြက်သားနှင့်ငံပြာရည်ကြော်များကို အားပါတရချက်နေသည်ကိုတွေ့ရသည်။ထမင်းကိုတော့ရွာဦးကျောင်းတွင် သီးသန့်ချက်ပေးသူများရှိကြသည်။အားလုံးအလုပ်ရှုပ်နေသည့်ကြားထဲမှ အရီးခင်စိန်တစ်​ယောက်ဖိတ်စာများကိုကိုင်လာကာ ငံပြာရည်ကြော်အိုးမွှေနေသော သစ်စိုင်းနားသို့သွားလိုက်သည်။

"သား ဒီမှာဖိတ်စာတွေရပြီအရီးနာမည်တွေအားလုံးရေးပေးထားတယ်သွားဖိတ်လိုက်ပါဦးကွယ်"

"ဟုတ်ကဲ့အရီးကျုပ်တောရိုင်းကိုခေါ်ပြီးသွားဖိတ်လိုက်ပါ့မယ်"

"အေးအေး"

ဆိုကာဝိုင်းထဲရှိကွပ်ပျစ်ပေါ်သို့ ထိုဖိတ်စာကို
စီစီရီရီတင်ထားလိုက်၏။သစ်စိုင်းသည်ငံပြာရည်ကြော်အိုးကို တစ်ခြားသူစီလက်လွှဲပေးကာ ချွေးသုတ်ပြီးဖိတ်စာထားသောနေရာသို့လျှောက်လာသည်။ပြီးနောက်ဖိတ်စာပေါ်တွင်ရေးထားသော နာမည်များကိုတစ်ခုပြီးတစ်ခုလိုက်ဖတ်နေ၏။

"ဖိတ်စာတွေရပြီလားစိုင်း"

ထင်းတွေကိုဂုတ်ပေါ်တွင်ထမ်းလာသော တောရိုင်းတစ်​ယောက်ချွေးတသီးသီးကျရင်းမေးလိုက်သည်။ပြီးတာနှင့်ထိုထင်းအပုံက်ို မီးဖိုပေးသို့အသာချရင်း လက်ဖဝါး၌ဖုန်ကိုခါကာသစ်စိုင်းဘေးသို့လျှောက်လာ၏။

"စိန်လိုက်လေ"(Complete)Where stories live. Discover now