အခန်းပို(၁) U/Z

18.1K 1.2K 339
                                    

မှတ်ချက်။  ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                                    (၁)

တောရိုင်းနှင့်သစ်စိုင်းတို့မင်္ဂလာဆောင်ပြီးတာ သည်နေ့နဲ့ဆိုတစ်ပတ်ပြည့်ခဲ့ပါပြီ။သူများတွေလ်ိုကြင်စဦးဇနီးမောင်နှံမို့  ချစ်ကြည်နူးပြီးတစ်တီတူးကြမယ်ထင်ပါသလား။နိုးပါ။သစ်စိုင်းဆိုသည်မှာလည်း မင်္ဂလာဦးညကကိစ္စကိုသည်ကနေ့ထိအခဲမကြေပေ။ချစ်တာကတော့ချစ်ပါသည်။သ်ို့ပေမယ့်တွေ့လိုက်ပြန်ရင်လည်း သစ်စိုင်းဘက်ကစကားအကောင်းမပြောပေ။တောရိုင်းကတော့ချစ်ရှာသည်မို့သည်းခံပါသည်။အခုလည်းသူတို့နှစ်ယောက် ဒီmarry lifeကြီးကိုဘယ်လိုဖြတ်သန်းမလဲ ကြည့်လိုက်ကြပါဦးဗျာ။

"ပင်စိမ်းသီးပိုးထိုး တောင်ကြီးသူမရအောင်ပိုး ရအောင်ပိုးဟေ့ရအောင်ပိုး... ပင်စိမ်းသီးနေဆာလောင် မိန်းမလက်ဆောင်ပေးရအောင် ပေးရအောင်ဟေ့ပေးရအောင်... ဘိလပ်ရည်အမြှုပ်ထငါယူမှာက ဓနုမ ဓနုမဟေ့ဓနုမ....ဘိလပ်ရည်ချိုချိုလေးငါယူမှာကအပျိုလေး အပျိုလေးဟေ့အပျိုလေး....သပြေပန်းဘုရားမှာလှူ တောင်ကြီးသူမရအောင်ယူ I love you I love you "

သည်လိုနှင့်တောရိုင်းတစ်ယောက် သီချင်းလေးညည်းကာဝိုင်းထဲရှိဝါးလုံးတန်းတွင် လျှော်ထားသော အင်္ကျီများက်ိုရေစင်အောင်ညစ်ပြီးလှန်းနေသည်။

"ဝိုင်းထဲကအကောင် မင်းမယားငယ်ကိုတနေတာမလား"

အသံလာရာကိုလှည့်ကြည့်လိုက်တော့ လှေကားပေါက်ဝတွင်ခါးထောက်ပြီး မျက်ထောင့်နီကြီးဖြင့်ရပ်ကြည့်နေသော သစ်စိုင်းကိုတွေ့လိုက်ရသည်။

"ဟာ..ဘယ်ကမယားငယ်လဲစိုင်းရာ မောင်ကသီချင်းဆိုနေတာပါ"

"ဘာသီချင်းဆိုနေတာလဲ ဆိုချင်ရင်အခြားသီချင်းဆိုလေ ဘာလို့တောင်ကြီးသူမှရအောင်ယူဆိုတဲ့သီချင်းကိုဆိုနေရတာလဲ"

တွေ့လား။ခက်ပြီဗျာ။စိုင်းကအဲ့သလိုပဲအသေရစ်တာ။မူလီတောင်အရှုံးပေးရမယ်ဗျာ။အခုလည်းကြည့်ကျုပ်ကအဝတ်လှန်းနေရင်း သီချင်းလေးညည်းမိတာတောင်ပြောနေတာမပြီးတော့ဘူး။ဒါပေမယ့်လည်းဗျာချစ်တော့လည်းစိုင်းသဘောပေါ့ ဟုတ်တယ်မလား။

"စိန်လိုက်လေ"(Complete)Where stories live. Discover now