အခန်း(၂၆)U/Z

20.6K 1.5K 172
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

(၂၆)

သည်နေ့မနက်ခင်းတွင် အဘထွန်းကြည်နှင့်အရီးခင်စိန်တို့နှစ်ယောက် တရားစခန်းဝင်ရမည်ဖြစ်သောကြောင့် အဝတ်ထုတ်လေးများကိုင်ကာ အိမ်အောက်သို့ဆင်းလာခဲ့သည်။တရားစခန်းသည်ဘယ်နေရာမှမဟုတ် ရွာဦးဘုန်းကြီးကျောင်းပင်ဖြစ်၏။အခုလည်းအဘထွန်းကြည်နှင့်အရီးခင်စိန်တို့အား ဆိုင်ကယ်ဖြင့်တောရိုင်းနှင့်သစ်စိုင်းတို့က လိုက်ပို့ပေးသည်။အဘတို့ကိုနှုတ်ဆက်ပြီး၍ ဆိုင်ကယ်ကိုစက်ပြန်နှိုးကာ အိမ်သို့ပင်ပြန်လာခဲ့သည်။ဤလသည်တပို့တွဲလဖြစ်၏။နှာရည်ရိုရွှဲ တပို့တွဲဟုခေါ်ဆိုကြကာ အလွန်ပင်ချမ်းအေးလှပြီး ညဥ့်အခါတွင်ဆို ပိုလို့တောင်ချမ်းအေးပါသေးသည်။ညဆိုရွာသူရွာသားများတော်ရုံနှင့်မအိပ်ပေ၊မီးထိုင်လှုံနေကြခြင်းဖြစ်၏။အခုဆိုလျှင်လည်း တောရိုင်း၊သစ်စိုင်းနှင့်သူဇာတို့၏ကိုယ်ပေါ်တွင်အနွေးထည်ထူထူက နေရာယူထားပြီးပြီဖြစ်သည်။မနက်ခင်းပေမို့ဗိုက်ကဆာလွန်းသဖြင့် တောရိုင်းတစ်ယောက်နောက်ဖေးမီးဖိုတွင်ရှိသောသူ့ညီမနားသို့သွားကာ..

"ဟဲ့ မနက်စာဘာရှိလဲ"

"ပဲပြုတ်နဲ့ထမင်းနယ်ထားတယ်တော့် ကိုကြီးသစ်စိုင်းကိုပါခေါ်လိုက်လေ သုံးယောက်စားလို့လောက်ပါတယ်"

"အေးအေး ငါတို့ကွပ်ပျစ်ပေါ်မှစောင့်နေမယ် ယူလာခဲ့လိုက်ပေါ့"

"ကောင်းပါပြီတော်"

တောရိုင်းသည်အိမ်အောက်ထပ်ရှိ နောက်ဖေးမီးဖိုချောင်မှထွက်၍လာခဲ့ပြီး ဝိုင်းထဲ၌ရှိသောကွပ်ပျစ်ပေါ်တွင်ဝင်၍ ထိုင်သည်။ဟိုဘက်အိမ်တွင် သစ်စိုင်းသည်လည်း တစ်ယောက်တည်းဖြစ်သဖြင့် တောရိုင်းတို့ဝိုင်းဘက်သို့ကူးလာ၏။

"စိုင်းရေလာလာ မနက်စာဘာစားပြီးပြီလဲ"

သစ်စိုင်းလည်းဖိနပ်ကလေးကိုခြောက်သွေ့အေးမြနေသော မြေနီပေါ်တွင်ချွတ်ကာ ကွပ်ပျစ်ပေါ်တွင်တင်ပျဥ်ခွေ၍ ဝင်ထိုင်လိုက်သည်။

"စိန်လိုက်လေ"(Complete)Where stories live. Discover now