အခန်း(၉)U/Z

20.9K 1.8K 294
                                    

မှတ်ချက်။  ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုက်မှုသာဖြစ်သည်။

                                    (၉)

"ဆာ..သမီးတို့နှစ်ယောက်ကိုလည်းဟောပေးပါဦးနော်"

"ဟုတ်ပါတယ်ဆာရယ်..သမီးတို့နှစ်ယောက်အညံ့တွေရှိနေလားဆိုတာကြည့်ပေးပါဦးစင့်"

ကဲကဲနှင့်သဲသဲတို့နှစ်ယောက်ဗေဒင်ဆရာ၏အရှေ့တွင်ထိုင်ကာ ကံဇာတာအကြောင်းကိုမေးမြန်းနေသည်။

"အင်းးမင်းတို့နှစ်ယောက်ကတနင်္လာသားနဲ့သောကြာသားတွေဟုတ်တယ်နော်"

"သမီးတွေပါစင့်"

ကဲကဲပြောလိုက်သောကြောင့်ဗေဒင်ဆရာလည်းနှုတ်ခမ်းတစ်ဖက်ရွဲ့ကာခေါင်းညိတ်ပြသည်။

"သမီးပဲထားပါတော့..မင်းတို့နှစ်ယောက်ကစီးပွားရေးမှာဆိုအဆင်ပြေတယ်နှစ်ယောက်တွဲလုပ်မယ်ဆိုရင်ကြံစည်ထားတာဖြစ်မြှောက်မယ် အဝတ်အထည်၊ငွေတိုးချေးစား၊ဆံပင်ညှပ်ဆိုင်အဲ့လိုဟာတွေနှစ်ယောက်တူတူလုပ်မယ်ဆို
ကျိန်းသေအောင်မြင်မယ် ကျန်းမာရေးကတော့စိုးရိမ်စရာမရှိပါဘူး သောကြာသမီးသဲသဲကဒူးဆစ်ဒူးနာတာတွေဖြစ်တာမျိုးရှိမယ်တနင်္လာသမီးကဲကဲကတော့ သွေးနဲ့ပက်သတ်နဲ့ကိစ္စအသေးစားဖြစ်နိုင်တယ်.."

"ဟယ်...ဆာရယ်..သွေးဆ်ိုတို့ကြောက်တယ်..ယတြာပေးပါဦးနော်"

ကဲကဲထိုသို့ပြောလိုက်သောကြောင့်ဗေဒင်ဆရာလည်း..

"ကောင်းပြီ..ကဲကဲကတော့ကိုယ့်မွေ့နေ့နေ့နာမ်ကျရင်ဘုန်းဘုန်းတစ်ပါးကိုကောက်ညှင်းပါတဲ့မု့န်လှူလိုက်..သဲသဲကတော့အိမ်ကဘုရားမှာပဲရေသက်စေ့ကပ်ဟုတ်ပြီလား"

"ဒါဆိုအညံ့ဆိုးတွေမရှိတော့ဘူးနော်...ဆာ"

"အေးမရှိတော့ဘူးကွဲ့"

ထိုအချိန်သဲသဲတစ်ယောက်အချစ်ရေးကိစ္စသိချင်လာသဖြင့်ဗေဒင်ဆရာအားမေးတော့သည်။

"ဆာရယ်..သမီးကိုလေအချစ်ရေးလေးဟောပေးနိုင်မလား..လင်ဘယ်နှစ်ယောက်များရနိုင်မလဲလို့..အဟိ"

"စိန်လိုက်လေ"(Complete)Where stories live. Discover now