Special Extra2

6K 511 76
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                         (၂)

"အေးဟုတ်တယ် မင်းတို့နှစ်ယောက်ရဲ့အိပ်ယာ ဘာလို့ဆိုမင်းတို့ကလက်ထပ်ပြီးသွားကြပြီလေကွယ် တူတူအိပ်တာဘာစမ်းလို့တုန်း"

"ဘာ!!!"

တောရိုင်းနှင့်သစ်စိုင်းတို့နှစ်ယောက်မျက်လုံးပြူးကာ ခေါင်းတွေခါလာကြသည်။ထိုအချိန်သူဇာလည်းဘေးကနေဝင်၍ပြောလာ၏။

"ကိုကြီးတို့ ဒါစနောက်ရမယ့်ကိစ္စမဟုတ်ဘူးနော် "

"ဟဲ့ ငါ့ပုံကစနေတယ်ထင်လို့လား နင်တို့
အမေတို့ပြောတဲ့ သူနဲ့ငါ လက်ထပ်ပြီးပြီဆိုတာရော ဒီအိပ်ယာကငါတို့နှစ်ယောက်ရဲ့အိပ်ယာဆိုတာကိုရော ငါတကယ်မသိဘူး ငါသိတာဆိုလို့ ဒီ့ကောင်ကိုအမြင်ကပ်တာပဲရှိတာ"

"ဟုတ်တယ်ငါရောပဲ"

တောရိုင်း၏စကားကို သစ်စိုင်းပါဝင်၍ထောက်ခံကြသည်။အခုဆိုသူတို့အုပ်စု အိပ်ခန်းထဲမှထွက်လာ၍ ဘုရားစင်ရှေ့တွင်ထိုင်ကာ အတိတ်မေ့ပြဿနာဖြေရှင်းခန်း ဆင်နွှဲနေကြသည်။

"ကဲသမီးရေ သူတို့ကိုဒီလိုပြောလို့ရမယ်မထင်ဘူး သွား ဗီရိုထဲမှာ မင်္ဂလာဆောင်ဖိတ်စာရှိတယ် သွားယူချည်"

သူဇာလည်း အရီးခင်စိန်ခိုင်းသည့်အတိုင်း
မင်္ဂလာဆောင်ဖိတ်စာကို သွားယူပေးသည်။ဖိတ်စာဆိုသည့်အသံကိုကြားသည်နှင့် တောရိုင်းနှင့်သစ်စိုင်းလည်း မျက်လုံးမျက်စံများ ပြူးကုန်ကြ၏။

"ဒီမှာကြည့်ကိုကြီး ကိုကြီးတို့နှစ်ယောက်ရဲ့ဖိတ်စာ"

သစ်စိုင်းလည်းထိုဖိတ်စာကိုဆွဲယူကာ ဖွင့်ဖတ်ကြည့်လိုက်သည်။

"........မောင်တောရိုင်းနှင့်မောင်သစ်စိုင်းတို့၏ မင်္ဂလာပွဲသို့ ကြွရောက်ပါရန် လေးစားစွာပန်ကြားအပ်ပါသည်.....၂၅ရက်၁၁လ၂၀၂၂"

ထိုဖိတ်စာကိုဖတ်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့နှစ်ယောက်၏မျက်လုံးများသည် နှစ်မျှပိုပြူးသွား၏။

"စိန်လိုက်လေ"(Complete)Where stories live. Discover now