အခန်း(၂၅)U/Z

21.9K 1.5K 348
                                    

မှတ်ချက်။  ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                                     (၂၅)

နေ့လည်နေ့ခင်း နေသာသည့်အချိန်တွင် ကွပ်ပျစ်ပေါ်၌သစ်စိုင်း၊တောရိုင်းနှင့်သူဇာတို့သုံးယောက်ထိုင်ကာ စကားများနှောင်ဖွဲ့နေကြသည်။ထိုအချိန်တောရိုင်း၏ဝိုင်းထဲသို့ မှတ်ကြီး၊နွားကြီး၊ငဖြိုးနှင့်ငနောင်တို့လေးယောက်ဝင်လာကြသည်။

"ဟာ..ငဖြိုးတို့ပါလား လာလေကွာ"

သစ်စိုင်း၏စကားကြောင့် ငဖြိုးတို့အုပ်စုပြုံးဖြီးကာ ကွပ်ပျစ်ပေါ်တွင်ဝင်ထိုင်သည်။လူ၇ယောက်ထိုင်ဖို့မဆံ့သော်လည်း ခန္ဓာကိုယ်ချင်းပူးကပ်ကာ ရအောင်ကိုထိုင်ကြပါသေးသည်။ငဖြိုးတို့အုပ်စုလည်းထိုင်ပြီးပြီးချင်း ငဖြိုးဘက်မှစကားစဆိုလိုက်သည်။

"တောရိုင်းအကြောင်းကိုငါတို့ကြားပြီးပြီ ဘယ်လိုလဲအခြေအနေကောင်းရဲ့လား"

"ကောင်းလို့ငါ့ကိုတွေ့နေရသေးတာပေါ့ကွ မဟုတ်ရင်အုတ်ဂူရှေ့မှာမင်းတို့မျက်နှာတွေမျက်ရည်ရွှဲနေလောက်ပြီ"

တောရိုင်း၏စကားကိုဘဝင်မကျသော သစ်စိုင်းတစ်ယောက်သူ၏ရင်ဘတ်သို့ထုကာ..

"ဖက် ဖက် လွှဲပါစေဖယ်ပါစေကွာ ဘာတွေလျှောက်ပြောနေတာလဲတောရိုင်းရ"

"မောင့်ကိုစိတ်ပူတယ်ပေါ့"

နှုတ်မစောင့်သောတောရိုင်းအား သူ၏ပေါင်သို့ခပ်နာနာကလေး သစ်စိုင်းဆွဲလိမ်ပစ်လိုက်သည်။
မှတ်ကြီးနှင့်နွားကြီးတို့က တောရိုင်းတို့အကြောင်းကိုသိပြီးပြီ ဖြစ်ပေမဲ့လည်းငဖြိုးနှင့်ငနောင်တို့တော့မသိသေးပါ။

"မင်းတို့ကချစ်သွားကြပြီလား"

ငနောင့်၏အမေးကို မှတ်ကြီးတစ်ယောက်ဝင်ဖြေသည်။

"အမလေးသူတို့ကိုတော့မပြောချင်ဘူးသိလား"

"မ​ပြောချင်လည်းမပြောနဲ့ပေါ့"

"ပြောမှာပဲ"

တောရိုင်း၏စကားကို ပြန်ချေပလိုက်သောမှတ်ကြီးတစ်ယောက်၊ရေနွေးကြမ်းကလေးကို တစ်ငုံသောက်ရင်းစကားပြန်ဆက်၏။

"စိန်လိုက်လေ"(Complete)Where stories live. Discover now