အခန်း(၁၈)U/Z

21K 1.7K 164
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

(၁၈)

"မောင့်ကိုဘာပြောမလို့လဲစိုင်း အဖြေပြန်ပေးမလို့လား"

"မဟုတ်ပါဘူး "

သူတို့နှစ်ယောက်ရောက်ရှိနေသည့် နေရာကတော့လယ်ကွင်းထဲက ကုက္ကိုလ်ပင်အောက်တွင်ဖြစ်သည်။မနက်စောစောချမ်းစိမ့်မှုကြောင့် နှစ်​ယောက်သားပုဆိုးရှည်ရှည်နှင့် အင်္ကျီလက်ရှည်ကိုဝတ်ထားကြသည်။ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေပြီးငှက်ကလေးများ၏ တေးဆိုနေသည့်အသံကလည်း လေနှင့်အတူနားစည်ဝသို့လာရိုက်ခတ်၏။အဝေးကပင်လှမ်းမြင်နေရသော စိမ်းစိမ်းအုပ်အုပ်တောကြီးသည်လည်း ပန်းချီကားအလှပမာတည်ရှိနေသည်။ရာသီဥတုချမ်းစိမ့်မှုနှင့်အတူ ထိုနှစ်ယောက်ကြားအေးစက်မှုဟာလည်း ထပ်တူကျနေသည်။ထိုအချိန်သစ်စိုင်းဘက်မှစကားစဖွင့်လာ၏။

"မင်းငါ့ကိုဒီလိုတွေဘာလို့လုပ်နေရတာလဲ ငါ့ဆီကအနိုင်လိုချင်လို့လား ဒါမှမဟုတ် သိက္ခာချနေတာလား"

တောရိုင်းခပ်ရေးရေးလည်းပြုံးလိုက်သည်။ပြီးနောက်သစ်စိုင်းကိုကျောပေးကာ အဝေးရှိ တောအုပ်ကြီးသို့လှမ်းကြည့်လိုက်တော့သည်။

"မောင်တစ်ခါတည်းပြောလိုက်မယ် မောင်စိုင်းကိုသိက္ခာချတာလည်းမဟု​တ်သလိုအနိုင်လိုချင်တာလည်းမဟုတ်ဘူး ပြီးတော့စိုင်းကိုဘယ်လိုချစ်မိသွားမှန်းလဲမသိဘူး"

"အဲ့ဒါများဘာလို့ချစ်နေသေးလဲ မချစ်ဘဲနဲ့ဒီတိုင်းနေလိုက်ပါလားကွာ"

"စိုင်း မောင့်ရဲ့အချစ်ကိုဥပေက္ခာပြုလို့ရတယ် ဒါပေမယ့်မထိန်းချုပ်ပါနဲ့ (love is blind အချစ်ကမျက်စိကန်းစေတယ်)တဲ့ မောင့်နှလုံးသားကမင်းကိုရွေးချယ်လိုက်တာတော့ မောင်လည်းမတတ်နိုင်ဘူး"

စကားအပိုတွေပြောနေတဲ့ တောရိုင်းအားသူ၏ကျောကုန်းကိုခပ်နာနာထုပစ်ချင်ပါသည်။တောရိုင်းလည်းကျောပေးထားရာမှ သစ်စိုင်းဘက်သို့ပြန်လှည့်ကြည့်လာသည်။

"စိန်လိုက်လေ"(Complete)Where stories live. Discover now