အခန်းပို(၅) U/Z

12.4K 993 147
                                    

မှတ်ချက်။  ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                                    (၅)

သည်နေ့ကတော့တောရိုင်းတစ်ယောက်ပဲ လယ်ထဲဆင်းသည်။သစ်စ်ိုင်းလယ်ကစပါးမျိုးစေ့တွေအားလုံး ကြဲပြီးသွားခြင်းကြောင့်ဖြစ်သည်။အခုဆ်ိုသစ်စိုင်းတစ်ယောက် အိမ်တွင်ထမင်းအိုတည်ပြီး၍ နောက်ဖေး၌ဂန္ဓမာပန်းခင်းအားရေလောင်းနေ၏။အရင်ကဆိုပန်းခင်းသည် တောရိုင်း၏အိမ်နောက်ဖေးတွင်သာရှိပြီးအခုဆို သစ်စိုင်း၏အိမ်နောက်ဖေးနှင့်ပါဆက်ပြီးစိုက်လိုက်သည်။ထို့ကြောင့်ပန်းခင်းသည်အရင်ကထက်နှစ်ဆပိုကျယ်သွား၏။ပန်းပင်တွေဆိုသည်မှာလည်း တကယ့်ရှင်သန်အားကောင်းချက်၊တစ်ပင်ဆိုလူတစ်ယောက်၏ရင်ဘက်ထိရှည်သည်။
သစ်စိုင်းလည်းပန်းခင်းတွေရေလောင်းပြီးတော့ဟင်းချက်ဖို့ပြင်လိုက်သည်။
သူတို့အရမ်းကြိုက်သည့် ဘူးသီးနှင့်ကြက်သားဟင်းကိုချက်မည်ဖြစ်သည်။ဘူးသီးဆိုရင်လည်းအရင်ကလိုသွားမဝယ်ရတော့ဘဲ သူကိုယ်တိုင်စိုက်ထားသည့်ဘူးသီးကိုမှခူးကာဟင်းချက်ပေးတာဖြစ်သည်။သစ်စိုင်းလည်းအချစ်နှင့်တွေ့ကာမှ ပြောင်းလဲလာမည်လိုဆိုရပေသည်။

"သားရေ သစ်စိုင်း"

ကွပ်ပျစ်နားတွင်ကလေးကိုပိုက်ကာ သစ်စိုင်းနာမည်အားတကျော်ကျော်အော်ခေါ်နေသော အရီးခင်စိန်နားသို့သစ်စိုင်းအမြန်ပြေးသွားလိုက်သည်။

"အမေ ပြောလေ"

"ရော့ အမေဟင်းချက်မလို့ကလေးထိန်းထားပေးစမ်းပါတော်"

"အမေ အနောက်ဖေးမှာဟင်းအိုးကတန်းလန်းကြီး"

"သြော် ခဏထိန်းထားစမ်းပါအေ ငါဟင်းချက်ပြီးတာနဲ့ကလေးလာခေါ်မယ် ရော့ရော့"

သစ်စိုင်းလက်ထဲသို့ကလေးကိုအတင်းထိုးပေးခဲ့ကာ ဟိုဘက်ဝိုင်းသို့အရီးခင်စိန်ပြန်သွားသည်။သစ်စစိုင်းလည်းကလေးကိုပိုက်ပြီး ကွပ်ပျစ်ပေါ်သို့ဖြေးညှင်းစွာချပေးလိုက်၏။

"ညည်းနော် သိပ်အလုပ်ရှုပ်တာပဲ "

"အာဂူးး ဘာ ဘာ"

"စိန်လိုက်လေ"(Complete)Where stories live. Discover now