အခန်းပို(၄) U/Z

12.7K 1K 143
                                    

မှတ်ချက်။  ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                                    (၄)

သည်နေ့ညတော့ကလေးငယ်သည် တောရိုင်းတို့နှင့်ပဲအိပ်မည်ဟုအတင်းဂျီကျနေသောကြောင့် ကလေးကိုသူတို့နှစ်ယောက်ခေါ်ထားလိုက်သည်။အခုလည်းကလေးငယ်သည်မအိပ်သေးဘဲ အသံပြဲကြီးဖြင့်အော်၍ငိုနေသည်။

"အူဝါး...ဝါး....ဝါး"

"သြော် သမီးရယ်ဘာလို့ငိုနေတာတုန်းကွယ် နို့ဆာလို့လားသမီး ဟုတ်လား"

မျက်ရည်များတသွင်သွင်စီးကျပြီး တရှုတ်ရှုတ်ငိုနေသောကလေးငယ်ကိုတောရိုင်းချီထားကာ ဟိုလျှောက်သည်လျှောက်လုပ်နေသည်။ထိုအချိန်သစ်စိုင်းလည်း အအေးခံထားသောနို့ဘူးလေးကိုယူလာကာ ကလေးငယ်ပါးစပ်နားသို့တေ့ပေးလိုက်သည်။ကလေးငယ်လည်းထိုနို့ဘူးကို ကိုင်ကာအဝေးသို့ပစ်ပေါက်လိုက်တော့၏။

"ဟင် သမီးလေးကနို့မသောက်ချင်ဘူးလား "

သစ်စိုင်းလည်းထိုသို့ပြောပြီး အောက်ပြုတ်ကျနေသောနို့ဘူးလေးကိုသွားကောက်လိုက်သည်။

"အူဝါးးးးဟင့်"

တောရိုင်းလည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိတာကြောင့် ကလေးငယ်ကိုပိုက်ကာဘုရားစင်ရှေ့တွင်ထိုင်ချလိုက်ပြီးချော့မြူနေသည်။သို့ပေမယ့်ကလေးငယ်ကလုံးဝအငိုမတိတ်ပေ။

"စိုင်းရယ်လုပ်ပါဦးကွာ ကလေးကအငိုမတိတ်ဘူး"

"မောင်ကလေးကိုပုခက်ထဲထည့်ကြည့်ပါလား"

နှစ်ယောက်သားအတိုင်အဖောက်ညီသဖြင့် ကလေးငယ်ကိုပုခက်ထဲထည့်လိုက်သည်။အငိုတိတ်သွားပေမယ့်လည်းခဏပင်။စက္ကန့်ပိုင်းလောက်ကြာမှာပြန်၍ငိုလာပြန်သည်။ သည်တစ်ခါတော့ကလေးငယ်ကို သစ်စိုင်းကကောက်၍ချီလိုက်သည်။

"ကျွတ် ကျွတ် ကျွတ်သမီးလေးရယ်တိတ်တော့နော် ဖေဖေချော့သိပ်မယ်ဗျာ"

ကလေးငယ်လည်း သစ်စိုင်းလက်ပေါ်ရောက်သွားတော့ ချက်ချင်းတိတ်သွားသည်။အငိုတိတ်သွားသောကလေးငယ်ကိုတောရိုင်းနှင့်သစ်စိုင်း သေချာလေးစိုက်ကြည့်ရင်းပြုံးလိုက်သည်။ပြီးနောက်သူတို့နှစ်ယောက်၏အကြည့်များသည်ကလေးငယ်၏လက်ဖဝါးသို့ကျရောက်နေ၏။ ကလေး၏လက်ဖဝါးပိစိလေးမှ လက်ချောင်းလေးများသည်သစ်စိုင်းရင်ဘတ်ပေါ်ရှိ အရာလေးသို့ကိုင်ကာညှစ်ကြည့်နေသည်။

"စိန်လိုက်လေ"(Complete)Where stories live. Discover now