အခန်း(၂၄)U/Z

21.7K 1.6K 272
                                    

မှတ်ချက်။  ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။

                                     (၂၄)

သစ်စိုင်းနှင့်မှတ်ကြီးတို့နှစ်ယောက်သည် တောရိုင်း၏ခန္ဓာကိုယ်လေးအားတွဲထူကာ တောရိုင်းတို့ဝိုင်းထဲသို့ဝင်လာသည်။ဒါကိုမြင်သောအရီးခင်စိန်နှင့်သူဇာလည်း အိမ်ပေါ်ထပ်မှအလျင်အမြန်ပြေးဆင်းကာ တောရိုင်းဘေးသို့ရောက်လာကြသည်။

"အမလေးသားလေးရယ် ဘယ်လိုဖြစ်လာတာလဲလက်မှာလည်း ပတ်တီးတွေနဲ့ပါလား အင်္ကျီမှာလည်းသွေးတွေနဲ့ အမေ့ကိုမြန်မြန်ပြောစမ်း ရင်တွေပူလိုက်တာကွယ်"

အရီးခင်စိန်၏မေးခွန်းများကို တောရိုင်းတစ်ယောက်ပြုံးပြုံးကလေးပြန်ဖြေလာသည်။

"သားဘာမှမဖြစ်ပါဘူးအမေရ စိတ်မပူနဲ့တော့နော် ဆေးရုံကိုလည်းပြပြီးပြီဆေးလည်းထည့်ပြီးပြီပတ်တီးလည်းစည်းပေးလိုက်တယ် သောက်ဆေးတွေလည်းပေးလိုက်တယ်ဗျ"

"ဒဏ်ရာကပြင်းလား ဒီလိုပုံဆိုဆိုင်ကယ်မှောက်လာတာပဲဖြစ်ရမယ် ဟုတ်တယ်မလား"

"ဟုတ်ဆိုင်ကယ်နည်းနည်းလေးမှောက်သွားရုံပါဗျာ စိတ်မပူနဲ့တော့နော် ကျုပ်လည်းပင်ပန်းလာလို့နားချင်ပြီအမေ"

"အေးပါကွယ် လာလာအိမ်ပေါ်သွားကြမယ်"

သူတို့အားလုံးလည်း တောရိုင်းကိုအိမ်ပေါ်ရှိ သူ၏အခန်းထဲသို့တွဲထူကာ ခေါ်သွားပေးတော့သည်။တောရိုင်းသည်ဖျာပေါ်တွင် ပက်လက်ကလေးလှဲအိပ်နေပြီး ဘေးပတ်ပတ်တွင်အရီးခင်စိန်၊သစ်စိုင်း၊သူဇာ၊မှတ်ကြီးနှင့်နွားကြီးတို့ရှိကြသည်။ထိုအချိန်မှတ်ကြီးတစ်ယောက် ဖြစ်ကြောင်းကုန်စင်ကိုအရီးခင်စိန်အားရှင်းပြနေတော့သည်။

"အရီးသားဗျာ သူ့ကိုယ်သူဂျိမ်းစ်ဘွန်းများထင်နေသလားအောက်မေ့ရတယ် ဆိုင်ကယ်ကမြေကြီးနဲ့ဂျစ်ဂျစ်"ဆိုပြီးတရွတ်တိုက်ဆွဲသွားတာဗျာ"

"အမလေးမသေကောင်းမပျောက်ကောင်းပါတော်"

"ဟျောင့် မင်းအမေ့ကိုဘာလို့လျှောက်ပြောပြနေတာလဲအမေသွေးတိုးပြီးတစ်ခုခုဖြစ်ရင်မင်းတို့နှစ်ကောင်အသေပဲ"

"စိန်လိုက်လေ"(Complete)Where stories live. Discover now