အခန်း(၁)U/Z

126K 4.5K 1.1K
                                    

မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင့်အရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်၏။

                                 (၁)

ဒီနှစ်အညာမိုးကတော့ တော်တော့်ကိုသွန်းဖြိုးလို့ရွာတယ်ဗျ။အဲ့တော့နှမ်းစကြဲတဲ့အချိန်ဆိုလွှတ်ကောင်းတာပေါ့ဗျာ။မနေ့ညကမိုးကောင်းထားလို့ကျုပ်ဝိုင်း(ခြံ)ထဲကမြေဆီလွှာတွေဆို စိုစွတ်"ဖြစ်နေပြီးရွှံတွေလည်းထလို့နေတာပေါ့။မိုးရေရဲ့အေးစက်မှုကြောင့်အိပ်ချင်နေတဲ့စိတ်တောင်လန်းဆန်းသွားသပါ့ဗျာ။ကျုပ်တို့တောသူ၊တောင်သားတွေကစောစောအိပ်စောစောထပြီးကိုယ်လုပ်စရာရှိတာလုပ်ကြရတယ်ဗျ။အခုလည်းကျုပ်ပန်းခြံထဲရေလောင်းပေါင်းသတ်ရအုံးမယ်ဗျို့။

"ဟဲ့​ တောရိုင်း... အိမ်အပေါက်ဝမှာငုတ်တုတ်ထိုင်မနေနဲ့လေ..လုပ်စရာရှိတာလုပ်မှပေါ့"

"ဟုတ်ကဲ့ပါအမေရ"

တောရိုင်းတစ်ယောက် သူ၏အမေကိုကျောပေးပြီးထိုင်နေရာမှ အနောက်သို့လှည့်ကြည့်လိုက်သည်။ထိုအခါမှာတော့တောရိုင်းအမေသည် ပန်းစည်းများကိုစီစီရီရီဖြင့်ဗန်းပေါ်သို့တင်လိုက်၏။

"ငါပန်းသွားရောင်းမလို့ထမင်းအိုးကိုနင့်ညီမကိုတည်ခိုင်းထား..မိုးရွာရင်အနောက်ကအဝတ်တွေရုတ်ဖို့မမေ့နဲ့"

"ကောင်းပါပြီဗျာ..ကျုပ်အားလုံးလုပ်ထားပေးမယ်"

"အေးပါတော်...ဒါဆိုလည်းငါသွားပြီဟေ့"

တောရိုင်း၏အမေလည်း ပန်းစည်းတင်ထားတဲ့ဗန်းကိုခေါင်းပေါ်သို့ပင့်တင်လိုက်ပြီး တောရိုင်းဘေးနားမှဖြတ်သွားသည်။

"ဟင်းစားကိုတော့အမေပြန်လာမှပဲစီစဥ်ပေးတော့မယ်အေ"

"အမေကလည်းဗျာမှာတာမပြီးတော့ဘူးကျုပ်သိပါတယ်အမေသာစိတ်ချလက်ချသွား"

"အေးပါတော်"

ဗန်းလေးကိုခေါင်း​​ပေါ်သို့ရွက်ကာ အိမ်ရှေ့မှတဖြည်းဖြည်းလမ်းလျှောက်သွားတာကို တောရိုင်းထိုင်ကြည့်နေမိသည်။ပြီးမှထိုနေရာမှထကာ တောရိုင်းတစ်ယောက်သူ၏ညီမအားလှမ်းသတိပေးတော့သည်။

"စိန်လိုက်လေ"(Complete)Where stories live. Discover now