အခန်း(၉၃)

9.1K 1.6K 209
                                    

伪装学渣
Wei Zhuang Xue Zha


UNICODE

စာညံ့တဲ့ကျောင်းသားဖြစ်ရတဲ့ဝန်က လေးလွန်းတယ်


ဆူညံလွန်းလှသည့် လျှပ်စစ်စီးကြောင်းသံတစ်သံကြောင့် ရှဲ့ယွီနိုးသွားခဲ့ရ၏။

မနက်(၆)နာရီအချိန် ၊ ခွေးရူးမှာ အသံလွှင့်စက်မှနေ အသံနေအသံထားဖြင့်စတင်အော်ပြောနေပြီဖြစ်သည်။

"မနက်ခင်းဆိုတာ အားမာန်အပြည့်နဲ့ တက်ကြွနေတဲ့အချိန်ပဲ ၊ လုံးဝမပျင်းရိကြပါနဲ့ အားလုံးပဲနိုးကြားတက်ကြွစွာနဲ့ နေ့သစ်ကိုကြိုဆို စိန်ခေါ်မှုအသစ်တွေကိုကြိုဆိုကြ။"

"ကျောင်းသားကျောင်းသူတို့ မင်းတို့တွေအဆင်သင့်ဖြစ်နေပြီလို့ ငါယုံကြည်တယ်!"

ခွေးရူး၏ စကားနှစ်ခွန်းပင်အဆုံးမသတ်သေး ကော်ရစ်တာထက်ဆူညံပွက်လောရိုက်နေပြီဖြစ်သည်။

"ချီးကိုအဆင်သင့်ဖြစ်ရမှာလား!"

"ဒါအမိနိုင်ငံရဲ့အဖူးအညွန့်လေးတွေကို ဖျက်စီးနေတာပဲကွ—- —-!"

"ဘော်ဒါတို့ မင်းတို့ငါ့ကိုမတားကြနဲ့တော့ ၊ ငါတက်ပြီးလျှပ်စစ်ကြိုးသွားဖျက်ပြီပဲ ၊ အဲ့အစုတ်အပြတ်အသံလွှင့်စက်ကို ဒီနေ့ငါသေချာပေါက်ကို စုတ်ဖြဲပစ်ဦးမယ် သူသေကိုယ်သေပဲ ဒီလိုကြီးဆက်မနေနိုင်တော့ဘူး။"

သူသည် ထိုအသံတွေကိုကြားနေရရင်းမှ မျက်ဝန်းတို့ကိုမှိတ်ကာ ခဏမျှငြိမ်နေလိုက်၏။ ပြီးနောက်မှ အချိန်ကြည့်ရန် လက်ထဲရောက်တာနှင့် ကောက်ပေါက်ပစ်တတ်သည်သာများသည့် ကုတင်ခေါင်းရင်းရှိနှိုးစက်အားလှမ်းယူဖို့စိတ်ကူးမိလေသည်။

သို့သော်ငြား သူ့မှာလက်ချောင်းတို့ကိုသာလှုပ်ရသေးသည် တစ်ကိုယ်လုံးနာကျင်လျက်ရှိကြောင်းခံစားမိရ၏။

ရှဲ့ယွီ မျက်ဝန်းတို့အားတစ်ဝက်မျှဖွင့်မိခိုက်မှာပဲ အမြင်အာရုံထဲသို့ ဟယ့်ကျောင်း၏ဘေးတစ်စောင်းကျကျမျက်နှာကဝင်ရောက်လာခဲ့သည်။ တစ်ယောက်အိပ်ကုတင်ထက် နှစ်ယောက်တိုးကပ်အိပ်ရသည်မှာအနည်းငယ်ကျပ်ညှပ်လှ၍ နေရာနည်းနည်းကျယ်စေရန်ဘေးစောင်းအိပ်မှသာရလေသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now