အခန်း(၄၁)

8.9K 1.9K 138
                                    

伪装学渣
Wei Zhuang Xue Zha


ZAWGYI


အာ ဘာမွမျဖစ္ဘူး


တျန့်ကျိကောလိပ်ရှိလူများမှာ မီးခိုးရောင်အားကစားဝတ်စုံကိုမှ အင်္ကျီလက်တွင်အပြာရောင်အစင်းများပါသည့် ဝတ်စုံကိုဝတ်ဆင်ကြရသည်။ ကျောင်းဝတ်စုံသည်ကား သူတို့တစ်တွေ၏အမှတ်သင်္ကေတဖြစ်၏ ၊ ကျောင်းအနီးနား၌ အမှတ်(၂)ကလူများကိုတွေ့လျှင်ဖြင့် မလိုလားအပ်သည့်ပြဿနာတွေမဖြစ်အောင် ရှောင်လို့သွားတတ်ကြသည်။

ရှိန်ကျယ်သည်တစ်ချိန်လုံး အိတ်ကပ်ကိုဖိပိတ်ထားလျက်ဖြင့် တစ်ဖက်၌သွားရောက်ထိုင်လိုက်ပါပြီး ဆိုင်အားတိတ်တဆိတ်စနည်းနာရင်း ဘေးဘက်ရှိဝိုင်းများထံသို့ပါ လေ့လာအကဲခတ်မိသည်။

ဟယ့်ကျောင်းက မီနူးကိုလှန်လှောနေစဉ်တွင် ဘေးဝိုင်းရှိတစ်ယောက်သည် အရက်ခွက်အားစားပွဲထက်ဆောင့်လို့ချလိုက်ပြီး လေသံမာမာဖြင့်ဆိုလာ၏။

"ဘီယာတစ်ဖာထပ်ပေးဦး!"

ရှိန်ကျယ်သည် အကြည့်တို့အားကိုယ့်ဝိုင်းထံသို့သာပြန်ရွှေ့လိုက်ခိုက် သူ၏အစ်ကိုကျောင်းသည်လည်း သောက်စရာကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ဟယ့်ကျောင်း၏လက်ချောင်းက မီနူးကိုထောက်ထားရင်း ပြောလာ၏။

"ပဲစိမ်းစွပ်ပြုတ်မှာလိုက်ရမလား?"

(T/N : ထမင်းနဲ့တွဲစားရတဲ့စွပ်ပြုတ်မဟုတ်ဘဲ သူကအချို ၊ အချိုပွဲသက်သက်ပါ)

ရှဲ့ယွီ၏လက်ချောင်းမှာ ဟယ့်ကျောင်းလက်အောက်နားကတစ်ခုကိုထိုးပြလာ၏။

"ဒီဟာ။"

"သောက်ရေသန့်ပဲ?"

ဟယ့်ကျောင်းက ဆိုလာသည်။

"မင်းရဲ့ဘဝက သိပ်ကိုအနှစ်သာရမရှိတာပဲကွ။"

ရှိန်ကျယ်သည် နှစ်ဦးသားဘာသောက်မလဲရွေးရင်း ဟင်းပွဲတွေပါစရွေးနေသည်အား အပြူးသားဖြင့်သာကြည့်နေမိလေသည်။ သူကိုယ်တိုင်မူကား ကိုယ်ပျောက်လူသားအလားပင် ထင်မှတ်လာမိ၏ ၊ ခဏမျှအကြာမှာတော့ နှုတ်ဟလိုက်ပါသည်။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now