အခန်း(၄၃)

8.9K 1.9K 165
                                    

伪装学渣
Wei Zhuang Xue Zha



ZAWGYI


ဒရာမာအခင်းလွန်ပြီးသေ


လျှိုချွိင်ဟောက်တို့တစ်တွေမှာ မြူးထူးနေလျက်ဖြင့် မူကြမ်းအားသွားရောက် တင်သွင်းခဲ့ကြ၏။ ပြန်လာသည့်လမ်း၌ အလျဉ်းသင့်တစ်ဖက်ရှိပြေးလမ်းပေါ်ကဟယ့်ကျောင်းအား လှမ်းအော်နှုတ်ဆက်လိုက်ကြသည်။

"အစ်ကိုကျောင်း ၊ ကြိုးစားထား ၊ ငါတို့တွေမင်းအတွက်စပရိုက်ပြင်ထားတယ်!"

တာရှည်ပြေးပွဲအတွက် စာရင်းပေးသွင်းကြသူတွေမှာ သိပ်တော့မများလှ ၊ တစ်တန်းစီကနေ တစ်ယောက်စနှစ်ယောက်စဖြင့် အားလုံးလိုလိုမှာလည်း အတင်းဝင်ပြိုင်ခိုင်းခံရခြင်းသာ။ မည်သူကမှအဲ့လောက်အပတ်ရေအများကြီး မပြေးချင်ကြ ၊ တာတိုကမှ အားကလေးစိုက်ထုတ်ပြီးလှလှပပပြေးနိုင်သေးသည် ၊ ဒါပေမယ့် မီတာ(၃၀၀၀)ဆိုတာကကြ အမောတကောဟောဟဲလိုက်လျက် သေမတတ်ရှိမည်မဟုတ်ပေလား?

ဟယ့်ကျောင်းကား တန်းစီလျက်ဖြင့်ဘေးဘက်နောက်ဆုံး၌ရပ်နေ၏ ၊ လူအများကြား ထင်ပေါ်ကာမျက်စိအဖမ်းစားနိုင်ဆုံးတစ်ယောက်ပင်။

တစ်စုံတစ်ယောက်သူ့နာမည်အားခေါ်လာချိန်၌ ဟယ့်ကျောင်းသည်ကိုယ်ကိုလှည့်လိုက်ကာ 'အိုခေတယ်'ဟုလက်ဟန်ပြန်လို့ပြပြီး အသံကိုမြှင့်၍ပြောလိုက်သည်။

"သူငယ်ချင်း ၊ နည်းနည်းလောက်ထုတ်ပြောပြပါလား?"

"ထိပ်သီးလျှိုဝှက်ချက်. ."

ဝမ့်သာသည် လက်ချောင်းလေးကိုခါရမ်းပြလိုက်၏။

"အချိန်တန်ရင် မင်းသိပါလိမ့်မယ်။"

လော်ဝိန်ချန်ကလည်း လိုက်ကာအော်လို့ပြောလာသည်။

"မမေ့နဲ့ဦးနော် ၊ မင်းက အစ်ကိုယွီရဲ့ဝိညာဉ်ကိုပါထမ်းပိုးထားရသေးတယ်ဆိုတာ။"

ဟယ့်ကျောင်းသည် မူလနေရာမှာတင်ရပ်ရင်း အခန်း(3)ကတက်ကြွပြီးစိတ်အားထက်သန်နေကြသည့်တစ်စု ထိုင်ရမည့်နေရာဘက်ပြန်ရောက်သွားကြသည်အားကြည့်နေမိသည်။ ကြည့်ရင်းဖြင့် အကြည့်တို့သည်ကား မရည်ရွယ်ပါဘဲ ထောင့်နားရှိနောက်ဆုံးတန်းကတစ်စုံတစ်ယောက်သောသူထံကျရောက်သွားခဲ့၏။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Unde poveștirile trăiesc. Descoperă acum