အခန်း(၆၂)

10.5K 1.9K 252
                                    

伪装学渣
Wei Zhuang Xue Zha

ZAWGYI

မင်းကိုသိမ်းပိုက်မယ်


ထိုကဲ့သို့နှစ်ဦးသား တစ်ယောက်ကလက်တွန်းလှည်းလေးကိုတွန်းပြီး ကျန်တစ်ယောက်ကတော့တွန်းလှည်းထဲပစ္စည်းတွေကောက်ထည့်နေရာ ထိုခံစားချက်က သိပ်ကိုနှစ်လိုဖွယ်ကောင်းသည်ဟုခံစားမိရသည်။ အချိန်တိုင်းလိုလို၌လည်း တစ်ဖက်လူအား ဒီဟာစားမလား ၊ ဒီဟာယူမလားလှမ်းလှမ်းမေးလို့လာသေးရာ ရှဲ့ယွီသည် အကြောင်းအရင်းမရှိစိတ်ထဲ 'အတူနေထိုင်' ဆိုသည့်စကားလုံးလေးလုံးအားတွေးလိုက်မိရ၏။

သို့သော်ငြား သူတို့ကိုယ်ထက်တွင်ကား အမှတ်(၂)ကျောင်းဝတ်စုံကိုဝတ်လို့ထားစဲပဲရှိရပြီး လက်ကိုင်ဖို့ပင်သိုသိုသိပ်သိပ်ဖြင့် လေးဘက်လေးလံ၌လူမရှိပါမှ ခဏမျှလက်ချင်းတွဲလို့ထားကြရသည်။

"ဒီဟာစားမလား. ."

ဟယ့်ကျောင်းကကပ်ရပ်နေသဖြင့် အဝေးကနေလှမ်းကြည့်ပါက ကောင်လေးနှစ်ယောက်ပူးကပ်ပြီး စကားပြောနေဟန်သာပေါက်ပေမည်။

"အရသာအသစ် ၊ စမ်းစားကြည့်ကြမလာ?"

ရှဲ့ယွီသည် တစ်ချက်လှမ်းကြည့်လိုက်ရာ အထုပ်ပေါ်၌ ငရုတ်သီးစိမ်းအရသာဟုရေထိုးလို့ထားသည်။

"မင်းသေချင်နေရင်တော့လည်း ငါမတားဘူး။"

"အဆင်ပြေလောက်မှာပါ. ."

ဟယ့်ကျောင်းသည်ကား ပစ္စည်းဝယ်ရာတွင် မစားဖူးသည်များကိုဝယ်ရတာသဘောကျလေသည်။ ကြည့်ရတာလည်းသစ်လွင်ပြီး အခြားသူများရှေ့ယူသွားစားလည်း ဘယ်သူကမှမတို့ထိရဲသလိုမျိုးကြောင့်လည်းဖြစ်၏။

"အရင်တစ်ခေါက်ကဆို ငါwasabiအရသာနဲ့ဝယ်သေးတယ် ၊ ငါ့အနေနဲ့ကတော့မဆိုးပါဘူး ၊ ဒါပေမယ့်ရှိန်ကျယ်ကတော့ လာလုယူစားပြီး အန်ထွက်တော့မလိုဖြစ်ရောလေ။"

မုန့်ပဲသရေစာဆိုသည်မှာလည်း ထမင်းလုပ်ဟင်းလုပ်၍စားလို့မဖြစ်လေရာ သုံး/လေးမျိုးခန့်ရွေးအပြီးမှာတော့ သူတို့လည်းဆက်ပြီးမယူတော့ချေ။ ဘေးပတ်ပတ်လည်၌ သွားသွားလာလာဖြင့်အသံတို့ကလည်းပိုလို့ဆူညံလာချိန်မှာတော့ ရှဲ့ယွီသည်လက်ကိုလွှတ်ချင်၍ ရုန်းမိရပေမယ့် ဟယ့်ကျောင်းကလွှတ်လို့မပေး။

ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)Where stories live. Discover now