အပိုင်း(၂၃)

8.2K 622 17
                                    

[Unicode]

၀မ်ရိပေါ်က သူ့ဘယ်ဘက်ရင်အုံပေါ်ကို လက်နဲ့ဖိအုပ်ထားတယ် မျက်ရည်ပြည့်နေတဲ့ မျက်၀န်းတွေနဲ့ ဆရာ၀န်ကို အားကိုးတကြီးကြည့်နေတယ်

"အချိန်မှီတယ်ဆိုရုံလေးပဲ ကျွန်တော်တို့ လူနာ့ အသက်ကိုတော့ ကယ်တင်နိုင်လိုက်ပါပီ"

"ဟူး"

ဒီစကားကိုကြားမှအကုန်လုံးသက်ပြင်းချနိုင်ကြတယ် ၀မ်ရိပေါ်မှာလည်း သူ့ရင်ဘတ်သူထုရင်း အသက်ကိုခပ်ပြင်းပြင်းရှုနေတယ် အခုမှသူအသက်၀၀ရှုနိုင်တော့တာမို့

"ဒါပေမယ့် လူနာက ဘယ်အချိန်မှပြန်သတိရလာမယ်ဆိုတာမျိုးတော့ ကျွန်တော်တို့လည်း အတိကျမပြောနိုင်ဘူး ဆယ်ရက်အတွင်းလည်းပြန်သတိရလာနိုင်သလို ဆယ်နှစ်ကြာတဲ့ထိသတိရမလာသေးတာလည်းဖြစ်နိုင်တယ် ပြောရရင် လူနာက Coma အနေထားဖြစ်နေတယ်"

ဆရာ၀န်ရဲ့နောက်ဆက်တွဲစကားကြောင့် ၀မ်ရိပေါ်ရဲ့ရင်ဘတ်ထဲမှာ ပြန်ပြီးပူလောင်လာပြန်တယ် နှလုံးသားကနာကျင်လာပြန်တယ် ဒါကရှောင်းကျန့်သူ့ကိုပေးတဲ့အပြစ်ထင်ပါရဲ့

'ဘာပဲဖြစ်ဖြစ် တစ်ချိန်ချိန်မှာတော့ နိုးထလာပေးမယ်မဟုတ်လားဟင် ၁၀နှစ်မကလို့ နှစ်၁၀၀ဆိုရင်ဖြစ်ဖြစ် ငါအသက်ရှင်နေသ၍ကာလပတ်လုံး မင်းကိုစောင့်နေမှာမို့ ပြန်လာပေးပါ ရှောင်းကျန့်ရာ'

ရေနစ်နေသူအတွက်တော့ ကောက်ရိုးမျှင်လေးဟာလည်း အားအင်ဖြစ်သတဲ့ ဒီလိုပါပဲ ပြန်နိုးလာမယ်ဆိုတဲ့ကောက်ရိုးမျှင်လေးက ၀မ်ရိပေါ်အတွက် အားအင်လေးပဲ ဒီမျှော်လင့်ချက်ကလေးနဲ့တင် သူအသက်ဆက်နိုင်ပြီမို့

ထျန်းရန်နဲ့မျန်မျန်က အိမ်မှာလိုအပ်တာတစ်ချို့ထပ်ပြီးသွားယူရမှာမို့ ပြန်သွားကြတယ် ဟောက်ရွှမ်းနဲ့ယွီပင်းကလည်း ညနေစာအတွက် စားစရာတချို့သွား၀ယ်ဦးမယ်ဆိုပြီးထွက်သွားကြတာမို့ လူနာခန်းလေးက တိတ်ဆိတ်မှုတွေကြီးစိုးနေတယ်
သီးသန့်လူနာခန်းရဲ့ ကုတင်ပေါ်မှာ ဖြူဖျော့စွာလှဲလျောင်းနေတဲ့ ကောင်လေးကို  လက်မှာပတ်တီးအဖွေးသားနဲ့ကောင်လေးက ကုတင်ဘေးကထိုင်ခုံပေါ်မှာထိုင်လို့ငေးကြည့်နေတယ်

Believe ! I really fall in love with you  [ Completed ]Where stories live. Discover now